သိမ်းဆည်းထားသင့်သော Facebook Live Video များ အချိန်မနှောင်းခင် Download လုပ်၍ သိမ်းကြပါစို့
Facebook မှ ကြေငြာချက် ( ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက် ) Click here
အဓိက သိသင့်သည်များမှာ -
- ဖေဖော်ဝါရီ ၁၉ ရက် မှစတင်၍ Facebook တွင် တင်လွှင့်သော Live Videos (တိုက်ရိုက်ထုတ်လွှင့်မှု အသစ်များ) ကို ရက်ပေါင်း ၃၀ အထိသာ ရှိနေမည် ဖြစ်သည်။ ရက် ၃၀ ပြည့်ပြီးနောက် အလိုအလျောက် ဖယ်ရှားသွားပါလိမ့်မည်။ မည်သည့်နည်းနှင့်မျှ Facebook မှ ပြန်လည် ရရှိနိုင်တော့မည် မဟုတ်ပါ။
- ဖေဖော်ဝါရီ ၁၉ ရက် မတိုင်ခင်က တင်လွှင့်ထားသော လက်ရှိ Live Videos (တိုက်ရိုက်ဗီဒီယို) များကိုလည်း ဖယ်ရှားပါလိမ့်မည်။ မဖယ်ရှားခင်တွင် Email (အီးမေးလ်) နှင့် Facebook App တွင် Notification ဖြင့် အသိပေးမည်ဖြစ်ပြီး ထိုအချိန်မှစ၍ ရက်ပေါင်း ၉၀ အတွင်း Download (ဒေါင်းလုဒ်) လုပ်ရန် (သို့) လွှဲပြောင်းရန် (Transfer) ရမည်ဖြစ်သည်။
- ရက် ၉၀ အတွင်း Download (ဒေါင်းလုဒ်) လုပ်ရန် မလုံလောက်သေးပါက နောက်ဆုံးအနေဖြင့် နောက်ထပ် ၆လ အထိ ရွှေ့ဆိုင်းနိုင်ပါသေးသည်။ ယင်းနောက် Facebook မှ ဖျက်သိမ်းသွားပါမည်။
မှတ်ချက် ။ Live Video များ မဟုတ်ပါဘဲ Facebook သို့ Upload လုပ်ထားသော Video များကို ဖျက်သိမ်းမည်ဟုတော့ Facebook က လောလောဆယ် မပြောသေးပါ။
Download (ဒေါင်းလုဒ်) လုပ်နည်းများ
- မိမိကိုယ်ပိုင် Facebook Personal Page or Business Page မှ Video များ ကို Download လုပ်ရန်
- ဤ Facebook page ကို သွားပါ။
- https://about.fb.com/news/2025/02/updating-our-facebook-live-video-storage-policy/
- တစ်ဖိုင်ချင်း ယူရန် - Single Download ခေါင်းစဥ်မှ အဆင့်များအတိုင်း လုပ်ပါ။
- အစုလိုက် ယူရန် - Bulk Download ခေါင်းစဥ်မှ အဆင့်များအတိုင်း လုပ်ပါ။
- မိမိကိုယ်ပိုင် မဟုတ်သော Facebook Page မှ Download (ဒေါင်းလုဒ်) လုပ်ရန် အတွက် Google Search or ChatGPT တွင် ရှာဖွေနိုင်ပါသည်။
Google Drive or Dropbox ကို Transfer လုပ်ရန်
- Transfer Live Videos ခေါင်းစဥ်မှ အဆင့်များအတိုင်း လုပ်ပါ။
နောက်ထပ် ၆လ အထိ ရွှေ့ဆိုင်းနိုင်ရန်
- Need More Time? Postpone the Deletion ခေါင်းစဥ်မှ အဆင့်များအတိုင်း လုပ်ပါ။
နည်းပညာ သိလိုသည် ရှိက မေးမြန်းရန်
https://www.facebook.com/dhalintann/
Messenger name - dhalintann (ဇော်ထွေး)