အလယ်လမ်းဆိုတာ

ဓမ္မဘေရီဆရာတော်

??????☸️
 
ကာမဘုံသားတို့ရဲ့ကျက်စားရာက
ကာမဂုဏ်တရားခေါ်တဲ့အာရုံငါးပါးပါပဲ။
အာရုံငါးပါးလမ်းကြောင်းပေါ်မှာပဲ
ဘေးကပ်လျှောက်သူများက
အစွန်းရောက်ပြီးဘေးထွက်သွားကြတယ်၊
အလယ်ကလျှောက်သူများက
ဘေးကင်းပြီးရှေ့ရောက်သွားကြတယ်။
(အပါယ်သွားကြသူများရော၊
နိဗ္ဗာန်သွားကြသူများရော
ဒီလမ်းပေါ်မှာပဲသွားနေကြတာပါ။)
မဇ္ဈိမပဋိပဒါဆိုတာ
ဒီအာရုံငါးပါးလမ်းမကြီးမှာပဲ
အလယ်ကလျှောက်တဲ့လမ်းပါ။
မသိသူအစွန်းရောက်တယ်၊
သိသူတွေရှေ့ရောက်တယ်။
အစွန်းရောက်နဲ့ရှေ့ရောက်ကို
သဘောပေါက်ဖို့ကတော့-
ရှင်ရဟန်းတို့ ဆွမ်းစားရာမှာဆင်ခြင်တဲ့
ပေစ္စဝက္ခဏာကိုကြည့်ပါ။
“ဤသည့်စားဖွယ်;အမယ်မယ်ကို;
မြူးရယ်မာန်ကြွ;လှပရေဆင်း;
ပြည့်ဖြိုးခြင်းငှါ”ဆိုအစွန်း(ဘေး)ရောက်တယ်။
အဲဒါကြေင့်”မသုံးပါဘူး”လို့ဆုံးဖြတ်ရတာ။
(ဒီအထိက’ကာမသုခလ္လိက’အစွန်းလွတ်ဖို့)
“လေးဖြာဓာတ်ဆောင်;ဤကိုယ်ကောင်သည်;
ရှည်အောင်တည်လျက်;အသက်မျှတမ်း;
မမောပန်းငြား;ဘုရားသာသနာ;
ကျင့်နှစ်ဖြာကို;ကျင့်ပါနိုင်စေ;
ဝေဒနာဟောင်းသစ်;မဖြစ်စေရ;
ရာပိုထ်မျှလစ်;ခပ်သိမ်းပြစ်ကို;
မဖြစ်လေအောင်;ချမ်းမြေ့အောင်ဟု
သုံးဆောင်မှိဝဲပါသတည်း..ဆိုရင်
မဇ္ဈိမပဋိပဒါဖြစ်လို့ ရှေ့ရောက်မယ်။
(သုံးဆောင်မှိဝဲတော့
’အတ္တကိလမထအစွန်းလွတ်တယ်)
လမ်း’အတူတူ’ပေမယ့်
‘တူရူ’ချင်းကွဲဒါကိုသဘောပေါက်ရင်
မဇ္ဈိမပဋိပဒါကိုသဘောပေါက်ပါတယ်။
 
၁၁.၄.၂၃
ဓမ္မစကြာအတွေးများ
ခက်ဆစ်
ရာပိုထ်မျှလစ်=လျှောင်း;ထိုင်;ရပ်;သွား
ဣရိယာပုထ်လေးပါးမျှတစေဖို့။
(ခွန်အားရှိပြီး ချမ်းသာလွယ်ကူ သွားလာလှုပ်ရှားနိုင်ဖို့ပါပဲ)
 
??????☸️????
 

 

 

 

ဓမ္မဘေရီဆရာတော်
04-10-2023
Facebook