တဏှာမြစ်ကြီး စီးဆင်းနေသမျှတော့
ဒုက္ခပင်လယ်ကြီးက ပြည့်နေဦးမှာဘဲ...
ဩဃလှိုင်းတွေကလည်း ကြမ်းပါဘိသနဲ့...။
ဥပါဒါန် လက်ကြောတင်းတင်းနဲ့
ခပ်ပြင်းပြင်းဆုပ်ထားသမျှတော့
သောကအပင်တွေကလဲ နှလုံးသားယာမြေမှာ
အညွန့်တလူလူနဲ့ ရှင်သန်နေဦးမှာဘဲ...။
သက္ကာယ ဒီဘက်ကမ်းကို မခွါနိုင်သမျှတော့
ဒုက္ခဟာ ပျားရည်လို ချိုနေပေဦးမည်...
အိုနာသေက လွတ်ကြလိမ့်ဦးမည် မဟုတ်...။
နန္ဒီရာဂဆိုတဲ့ သံသရာက ချစ်သူကို လက်တွဲဖြုတ်
အာရုံတောကို သုဿန်လို လွတ်လွတ်ကြီး စွန့်ခွါ
ဟိုသောင်စပ်မှာ ဆိုက်ကပ်ထားတဲ့ မဂ္ဂင်ဖေါင်ကို တက်စီး
အနောက်ဂေါယာ ကျွန်းဆီမှာ နေမင်း မဝင်သေးမှီပ
ဝီရိယနှစ်တန် လက်ခြေတွေ သန်သန်နဲ့
အတန်တန် လှော်ခတ်လိုက်ကြမယ် ဆိုရင်တော့....။
ဟို... အေးနိဗ္ဗာန် တစ်ဖက်ကမ်းဆီကိုလ
တက်လှမ်းနိုင်ကြမှာပေါ့ ငါ့ညီ...။ ။
ဇန်နဝါရီလ ၂၀-ရက်၊ ၂၀၂၃-ခုနှစ်။