ရွံလွန်းလို့ မမုန်းရက်နိုင်တော့တယ်..

ဓမ္မဘေရီဆရာတော်

 
??????????????
ကျုပ်တို့က
သူ့စိတ်ထား၊
သူ့အပြောအဆို၊
သူ့အပြုအမူ၊
ဘာမှကိုမကြိုက်ဘူး၊
ခါးခါးသီးသီးမုန်းတယ်၊
သူ့အကြောင်း ကြားတောင်မကြားချင်ဘူး။
ဟုတ်စ!
ဒါဆို
ဘာဖြစ်လို့သူ့အကြောင်း
အမြဲတွေးနေရတာလဲ။
သူ့အပေါ်စွဲနေသမျှ
ဘယ်မှာစိတ်ကုန်လို့လဲ။
သူက ကိုယ့်အပေါ်စိတ်ထားသလို
သူ့အပေါ်လဲ ကိုယ်ကပြန်ထားတယ်။
သူပြောသလိုပဲ ပြန်ပြောတယ်။
သူပြုမူသလို ပြန်ပြူမူတယ်။
အဲတော့-
ကိုယ်က သူ့ကို
ခါးခါးသီးသီး မုန်းသလို
သူကလဲ ကိုယ့်ကို
ခါးခါးသီးသီးမုန်းတယ်။
ဘာ!
ကျေနပ်တယ်၊
သူက မုန်းချင်မုန်းလေ၊
သူလုပ်သလို
သူ့ကိုပြန်လုပ်လိုက်ရတာကို
ကျေနပ်တယ်..ဟုတ်လား..။
ခင်ဗျားပြောတော့
'သူက ဒို့လိုမှ မဟုတ်တာ'ဆို၊
ခုတော့-ခင်ဗျားက
သူလိုဖြစ်သွားပြီဆိုတော့..
ဒါဆို..
ခင်ဗျားတို့ချင်း
ဘာထူးခြားချက်လေးများ
ရှိသေးလဲဗျ?
?ပုထုဇ္ဇနော ဥမ္မတ္တကော=
ပုထုဇဉ်တွေဆိုတာ
ရူးကြောင်ကြောင်တွေ"ဆိုတဲ့
ဘုရားရှင်မှတ်ချက် မလွန်ဘူးနော်..
ဘယ်လိုပဲဆင်ခြေတွေပေးပေး..
ဘာအကြောင်းပြချက်တွေပဲရှိရှိ..
စေတနာပါပါနဲ့ပြုသမျှ
ကံမြောက်တယ်ဗျ..!
ပေးပြီးရင် ပြန်မယူချင်ဘူးလို့
ငြင်းခွင့်မရှိဘူး။
အဲဒါ ကြပ်ကြပ်သတိပြုကြ!
၂၅.၃.၂၂
????????????????
 

 

 

 

ဓမ္မဘေရီဆရာတော်
03-25-2023
Facebook