ကုသိုလ်တွေလဲဒီလိုပါပဲ၊
လောကုတ္တရာမဂ်ကုသိုလ်ကသာ
သံသရာလွတ်တဲ့အနှစ်ကုသိုလ်။
ကျန်ကုသိုလ်တွေက
သံသရာလည်စေတဲ့ အကာတွေဖြစ်ပေမယ့်
ကုသိုလ်မှာလဲ
အနှစ်ကစပြီး ဖြစ်ရိုးမရှိဘူး၊
အကာကုသိုလ်နဲ့စရတာချည်းပဲ။
'ဝိပဿနာကုသိုလ်'ဆိုတာလဲ
'မဂ်'အဆင့်မရောက်သေးသမျှ
'အကာကုသိုလ်'ပါပဲ။
ဦးတည်ချက်က
သံသရာလွတ်ရေးဖြစ်ပေမယ့်၊
ပန်းတိုင်မရောက်သေးသမျှတော့
သံသရာလည်စေတဲ့'ပုညာဘိသင်္ခါရ'မျှသာပါ။