အသက်(၁၆၀)ရှည်စေသော်..

ဓမ္မဘေရီဆရာတော်

အသက်(၁၆၀)ရှည်စေသော်..
?????✌️✌✌✌✌
အရှင်အာဒိစ္စဝံသ(ဆရာကြီးဦးအောင်မြတ်ထွဋ်)
ရှိစဉ်က အမြဲလိုလို ကြုံးဝါးလေ့ရှိတဲ့စကားက-
"ငါက အသက်(၁၆၀)ပြည့်အောင်နေပြီး
အလုပ်လုပ်သွားမှာကွ"ပါတဲ့။
(ဒါကလဲ သာသနာတော်မှာ အသက်အရှည်ဆုံးဖြစ်တဲ့
အရှင်ဗာကုလတို့လိုပုဂ္ဂိုလ်က အများဆုံ
ဒီလောက်ပဲအသက်ရှည်နေထိုင်သွားလို့
ဒီအာယုကပ်မှာ ဒါဟာ အရှည်ဆုံးနေနိုင်တဲ့
အတိုင်းအတာပဲဆိုပြီး ပြောတာဖြစ်မှာပါ)
ဒီစကား ကြားရဖန်များလို့ ရင်းနှီးသူများက-
"အရှင်ဘုရားမှာ ဒီလောက်အသက်ရှည်နိုင်မယ့်
ဆေးကောင်းဝါးကောင်းတွေများ ရှိသလား"လို့
လျှောက်ထားတဲ့အခါ-
"အေး..မင်းတို့ လိုချင်လို့လား..
မှတ်ထား ဒီစိတ်ဓာတ်ဟာ..
ဆေးကောင်းဝါးကောင်းပဲကွ.!
တခြား ဘာဆေးမှမလိုဘူး၊
ဒီစိတ်ဓာတ် ဘယ်တော့မှ ရှော့(လျှော့)မပစ်နဲ့!
ဇနကမင်းကြီးဟာ
ထီးနန်ကိုမြှော်မှန်းလို့ ထီးနန်းစည်းစိမ်ရတာ၊
ငမန်းတွေအကြောင်းတွေးနေရင်
ငါးမန်းစာဖြစ်သွားမှာပေါ့၊
မနောပုဗ္ဗင်္ဂမာ ဓမ္မာတဲ့ကွ"လို့ မိန့်ကြားပါသတဲ့။
အရာရာကို အမြင့်ဆုံးအထိ ရည်မှန်းကြရမယ်!
တို့ ဗုဒ္ဓဘာသာတွေ"နိဗ္ဗာနဿ ပစ္စယော ဟောတု"
မပြတ်ဆိုနေတဲ့ကြားကတောင် ဒီလောက်မိုက်တွင်း
နက်နေကြတာ..
"ဖြစ်ချင်ရာဖြစ်"ဆိုတဲ့စိတ်ထားကြရင် ဘယ်လောက်
မိုက်တွင်းနက်ကြမလဲ စဉ်းစားကြည့်-လို့လဲ
ဆုံးမလေ့ ရှိပါသတဲ့။
ခုခေတ်စကားနဲ့ ပြောမယ်ဆိုရင်တော့-
"အိပ်မက်တွေ ကြီးကြီးမက်ထားနိုင်မှ
တန်ကာကျမယ်"လို့ ဆိုလိုတဲ့သဘောပါပဲ။
ဒီနေ့ခေတ်မှာ-
ကိုယ်တိုင် ပေါက်ရောက်ထူးချွန်အောင်
မစွမ်းဆောင်နိုင်သူတွေက-
"ပညာတွေမတတ်လဲ ဆိုက်ကားနင်းစား ရတာပဲ"
"ရွှေချည်း တန်ဖိုးရှိတာမဟုတ်ပါဘူး၊
ရွှံ့လဲ သူ့နေရာနဲ့သူ တန်ဖိုးရှိတာပါပဲ"
ဆိုတာမျိုးတွေ ကြားရတွေ့ရတိုင်း
ဆရာကြီးစကားကို သတိရမိပါတယ်။
(တချို့ပုဂ္ဂိုလ်တွေက-
လူငယ်တွေကို သေးသိမ်နိမ့်ကျစေတဲ့
အဲလိုအတွေးအခေါ်စုတ်တွေကို အဟုတ်ထင်ပြီး
ဖေ့စ်ဘုတ်မှာ ရေးလာတာတွေ့လို့ ပ,ထုတ်လိုက်ရတယ်။)
မျိုးဆက်သစ်လူငယ်တို့...
အိပ်မက်တွေ အကြီးကြီး..
အကြီးတကာ အကြီးဆုံးအထိ မက်ထားကြ..!!
ကိုယ့်အိပ်မက်ကိုလဲ နိုးလာတော့
မေ့မေ့ပျောက်ပျောက် မဖြစ်စေနဲ့..!
"တိုးတက်တဲ့ကမ္ဘာကြီးဆိုတာ..
အိပ်မက်အကြီးကြီးတွေကို
မက်ရကောင်းမှန်း သိသူတွေက
သူတို့အိပ်မက်တွေကို
မေ့မေ့ပျောက်ပျောက်မထားဘဲ
အကောင်အထည်ဖေါ်နိုင်အောင်
ကြိုးစားခဲ့ကြလို့ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေပါ။
အိပ်မက်ကြီးကြီးမက်ပြီး
​ထိပ်တန်းရောက်အောင်မြင်သွားသူတွေရဲ့
ထိပ်တန်းလျှို့ဝှက်ချက်ကတော့
လုပ်ခွင့်ရသမျှ အသေးလေးတွေကစပြီး
လေ့ကျင့်ခဲ့၊လုပ်ဝံ့ခဲ့တာပဲ ဖြစ်ပါတယ်။
(သူတို့အတ္ထပ္ပတ်တွေဖတ်ကြည့်ပါ)။
ကိုယ်တိုင် မကြိုးစားနိုင်သူတွေရဲ့
ပြာပုံတိုးဖို့ အဖေါ်ညှိတဲ့စကားတွေကို
နားမယောင်မိကြစေနဲ့..!!
တိုးတက်ချင်ရင်
တိုးတက်သူတို့အကြောင်းကို လေ့လာအားကျပြီး-
*အိပ်မက်တွေ အကြီးကြီးမက်ကြ..!!
ပြီးရင်-
*ကိုယ့်အိပ်မက်ကိုယ် အလေးအနက်ထားပြီး
?သေးသေးလေးကနေ
?တဖြည်းဖြည်းကြီးအောင်
ကြိုးစားအကောင်အထည်ဖေါ်ကြ..!
'ရည်မှန်းထားတဲ့အတိုင်း
ကြီးကြီးကြီးလုပ်နိုင်မှ လုပ်မယ်'ဆိုရင်တော့
'စောင့်ပေဦးတော့ နေဝင်တိုင်'ပဲ။
ထိပ်ဆုံးဆိုတာ
ပင်ခြေကနေစတက်ရတာကိုလဲ
မမေ့ကြနဲ့ဦး..
မင်းတို့ရဲ့အိပ်မက်တွေဟာ
တို့အားလုံးရဲ့ အနာဂတ် ကမ္ဘာကြီးပဲ..!!
အပ်ပမာဒနေ သမ်ပာဒထေ...!!!
အသက်(၁၆၀ )ရှည်ကြစေသော်...
၁၅.၃.၂၀၁၆

 

 

ဓမ္မဘေရီဆရာတော်
03-27-2023
Facebook