ကံတို့ရဲ့ ’ဥပဃာတက သတ္တိ’

ဓမ္မဘေရီဆရာတော်

ကံတို့ရဲ့’ဥပဃာတကသတ္တိ’
????????☸️
ကုသိုလ်ဖြစ်စေ၊အကုသိုလ်ဖြစ်စေ
ကံတိုင်းမှာ’ဥပဃာတကသတ္တိ’လို့ခေါ်တဲ့
‘ဆန့်ကျင်ဘက်ကံရဲ့အစွမ်းကိုပယ်သတ်နိုင်တဲ့သတ္တိ’ရှိကြပါတယ်။
ဒါပေမယ့်…
အကုသိုလ်ကံက’ပဟာတဗ္ဗ=အပယ်ခံတရား’၊
ကုသိုလ်ကံက’ဘာဝေတဗ္ဗ=တိုးပွါးတတ်တဲ့တရား’၊
အစွမ်းချင်းကကွာတယ်။
ကုသိုလ်ကံမှာ’ဥပဃာတကသတ္တိ’အပြည့်ရှိတာက
‘မဂ်ကုသိုလ်’၊
အကုသိုလ်မှာက’ပဉ္စာနန္တရိကံ’ပဲဆိုပါစို့။
မဂ်ကုသိုလ်ကဆန့်ကျင်ဘက်အကုသိုလ်ကို
ပယ်သတ်လိုက်ရင်
ဘယ်တော့မှပြန်မဖြစ်နိုင်တော့ဘူး။
ပဉ္စာနန္တရိကံက ကုသိုလ်ကိုပယ်သတ်တာကတော့
နောက်ဘဝတွေမဟာကပ်ကမ္ဘာကြာချင်ကြာမယ်၊
ဆိုင်ရာဝဋ်ဒုက္ခခံပြီးရင်တော့ကုသိုလ်တွေက
‘ပစ္စေကဗုဒ္ဓါ’ဖြစ်တဲ့အထိပြန်ဖြစ်နိုင်တယ်။
(အဇာတသတ်ရော;ရှင်ဒေဝဒတ်ရော
ပစ္စေကဗုဒ္ဓါတွေဖြစ်ခွင့်ရကြမှာကိုကြည့်ပေါ့။)
သဘောကတော့-
“ကုသိုလ်ကသာ အကုသိုလ်ကို
အမြစ်ပြတ်ပယ်သတ်နိုင်တယ်၊
အကုသိုလ်က ကုသိုလ်ကို
အမြစ်ပြတ်ပယ်သတ်လို့မရဘူး”လို့
ဆိုလိုတာပါပဲ။
အဲဒီတော့-
ပစ္စုပ္ပန်ကုသိုလ်ကိုသာ’သဒ္ဓါစတဲ့ဣန္ဒြေ’
ထက်ထက်မျက်မျက်နဲ့ပြုပါ!
သူရဲ့’ဥပပီဠကသတ်တိ’က
အတိတ်ကံဆိုးတို့ရဲ့ ဆိုးကျိုးကိုလဲ
တားပေးနိုင်တယ်။
‘ဥပထမ္ဘကသတ္တိ’နဲ့အတိတ်ကံကောင်းတို့
ကောင်းကျိုးပေးနိုင်ဖို့လဲထောက်ပံ့ပေးနိုင်တယ်။
ဘာမှမပူနဲ့!
ပစ္စုပ္ပန်ကိုအပိုင်ကိုင်ထား!
အတိတ်တွေ ကိုယ်ထိုင်လိုရာ ထိုင်စေ၊
ကိုယ်ထလိုရာ ထစေပဲ။
အနာဂတ်လဲ ပစ္စုပ္ပန်ရှင်းနေရင်
ရှုတ်စရာမရှိတော့ဘူး။
ဒီနေ့တော့ဒီမျှသာပါ၊
အားရင်အကျယ်ရေးပါဦးမယ်။
၂.၄.၂၃
 

 

 

 

ဓမ္မဘေရီဆရာတော်
04-01-2023
Facebook