ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၁၀)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၁၀)
? ? ??? ??? ? ??? ? ?
၅၇။ ရတနာအစွမ်း
****************************************
ရတနာသုံးပါးနဲ့ပတ်သက်လာရင်
နမောတဿတစ်လုံးထဲလည်း စွမ်းတာပဲ၊
? ဗုဒ္ဓသရဏံ ဂစ္ဆာမိတစ်လုံးထဲလည်း
စွမ်းတာပဲ၊
? အရဟံတစ်လုံးထဲလည်း စွမ်းတာပဲ၊
? ကိုယ်ကယုံဖို့နဲ့ မှန်ကန်တဲ့အသိရှိဖို့
လိုပါတယ်။
ရတနာကတော့ ရတနာလို
ဆည်းကပ်သူအတွက်
ရတနာစွမ်းအားကို ပေးမှာချည်းပါပဲ၊
ဘယ်ရတနာကမှ လိမ်လည်လှည့်ဖြား
ညာထားတာ တစ်ခုမှ မရှိပါဘူး။
၅၈။ ပညာရတနာ
****************************************
ဘုရာဟောတဲ့ ဒေသနာမှာလဲ
ပညာသည် လူရဲ့ မြတ်နိုးစရာ
အကောင်းဆုံးရတနာပါတဲ့၊
ပညာရှိမှလဲ လူဟာအဖိုးတန်တယ်၊
ဘဝကို အကွက်စေ့အောင် သုံးနိုင်တယ်၊
လက်ထဲရှိတဲ့ ပစ္စည်းတွေ
အဖိုးတန်အောင် သုံးနိုင်တယ်၊
ကိုယ်ရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်များကို
နည်းမှန်လမ်းမှန်နဲ့ စွမ်းအားပေါ်အောင်
အသုံးချနိုင်တယ်။
၅၉။ ပညာသင်ကြတာဘာကြောင့်လဲ
****************************************
လောကမှာ ကိုယ့်အကြောင်းကိုယ်
သိဖို့က အရေးအကြီးဆုံး၊
ပညာသင်နေကြတာ
ကိုယ့်အကြောင်းကိုယ်
သိဖို့ သင်နေကြတာပဲ။
ကိုယ့်အကြောင်း ကိုယ်နားလည်မှ
သူများအကြောင်း နားလည်သွားမယ်၊
ကိုယ့်အကျိုးစီးပွား နားလည်မှ
သူများအကျိုးစီးပွားတိုးတက်အောင်
ဆောင်ရွက်ပေးမယ်။
? ကိုယ်အကြောင်းကိုယ်သိမှ
ကိုယ့်အလုပ် ကိုယ်လုပ်တတ်မယ်၊
? ကိုယ့်အကြောင်း ကိုယ်သိမှ
ကိုယ့်လမ်း ကိုယ်သွားတတ်မယ်၊
? ကိုယ့်အကြောင်း ကိုယ်သိမှ
ကိုယ့်နေရာ ကိုယ်နေတတ်မယ်၊
လောကမှာလူပင်ဖြစ်သော်လဲ
ကိုယ့်အလုပ် ကိုယ်မလုပ်တတ်ဘဲ
ဒုက္ခရောက်နေကြတဲ့ သူတွေမနည်းပါဘူး။
ကိုယ့်လမ်းကိုယ် မသွားတတ်ကြလို့
ဒုက္ခရောက်နေကြတဲ့သူတွေ
လောကမှာမနည်းပါဘူး။
ကိုယ့်နေရာကိုယ် မနေတတ်ကြလို့
ဒုက္ခရောက်နေကြတဲ့ သတ္တဝါတွေ
လောကမှာ မနည်းပါဘူး။
အရေးကြီးတာက ...
ကိုယ့်အလုပ်ကိုယ်နားလည်ဖို့၊
ကိုယ်သွားရမယ့်လမ်း ကိုယ်နားလည်ဖို့၊
ကိုယ်နေရမယ့်နေရာ ကိုယ်နားလည်ဖို့၊
အသိပညာတရားရအောင်
ယူနေကြတာပဲ။
၆၀။ ရုပ်ပစ္စည်းတွေတိုးလာရင်
****************************************
ရုပ်ပစ္စည်းတိုးလာလေ
ပျော်စရာတွေ ခန်းခြောက်သွားလေ၊
တစ်ဖက်ကရုပ်ဝတ္ထုတွေ ထုတ်လေ၊
တစ်ဖက်က အေးချမ်းစရာတွေ
ခန်းခြောက်သွားလေ၊
ရုပ်ဝတ္ထုတွေ တိုးလာလေ၊
တစ်ယောက်နဲ့တစ်ယောက်
ယုံကြည်စိတ်ချမှုတွေက
ခန်းခြောက်ပျောက်ကွယ်လေ။
ရုပ်ပိုင်းဆိုင်ရာ အသုံးအဆောင်တွေ
ပြည့်စုံနေကြသော်လဲ
ရှိတာကြောင့်ပူရ၊
ရှိတာကြောင့်ကြောက်ရ၊
ရှိတာကြောင့်ရန်ဖြစ်ရ၊
ထိုးမယ် ခုတ်မယ် ရိုက်မယ်၊
ပစ်မယ် ခတ်မယ်နဲ့၊
လောဘ ဒေါသ မာန်မာနကြားထဲမှာ
ပူလောင်ချောက်ချားစွာ နေကြရတယ်။
ရုပ်ဝတ္ထုတွေ ပြည့်စုံတာနဲ့
သူတို့ သိပ်ကိုချမ်းသာနေတော့မှာပဲလို့
တွက်လို့မရပါဘူး၊
ရုပ်ဝတ္ထုမပြည့်စုံသော်လည်း
****************************************
ရုပ်ပစ္စည်းမပြည့်စုံတာနဲ့
သူတို့ သိပ်ဆင်းရဲနေတော့မှာပဲလို့
သွားမတွက်နဲ့၊
ရုပ်ဝတ္ထု မပြည့်စုံပေမယ့်
တရားပိုင်းဆိုင်ရာ စွမ်းအား
ပြည့်စုံကြွယ်ဝလို့
ပြုံးရွှင်ကြည်လင်အေးချမ်းစွာနေပြီး
ကိုယ်စွမ်းနိုင်ရာ၊ စွမ်းနိုင်ရာဘက်မှ၊
အမျိုးဘာသာ၊ သာသနာနဲ့
နိုင်ငံအတွက် အလှဆင်ပြီးတော့
ကြိုးစားနိုင်သူတွေလဲ မနည်းပါဘူး။
 
အရှင်သိရိန္ဒာဘိဝံသ
{တိပိဋကဓရ ယောဆရာတော်ဘုရားကြီး}
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ယောဆရာတော်ဘုရားကြီး
04-23-2023