ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၆)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ ( ၆ )
? ? ??? ??? ? ??? ? ?
၂၉။ ပညာမျက်စိ
****************************************
ကုသိုလ်မရ၊ ဝမ်းမဝတဲ့
အောက်တန်းစားလူကို
ပါဠိလိုတော့ အန္ဓ လို့ခေါ်တယ်။
ပညာမျက်စိ နှစ်ဖက်ကန်းသူပေါ့။
ဘဝကို ကြုံသလို
ရေစုံမျှောပြီးသွားနေတာ၊
ရည်ရွယ်ချက်လဲမရှိ၊
လမ်းကြောင်းလဲမရှိ၊ လုပ်ငန်းလဲမရှိ၊
လုပ်ငန်းမှာ စည်းကမ်းရယ်၊
မူရယ်၊ ဘောင်ရယ်လို့လဲ
သတ်သတ်မှတ်မှတ်မရှိ။
ကုသိုလ်မရ၊ ဝမ်းသာဝတဲ့
အလတ်တန်းစားလူကို
ပါဠိလိုတော့ ဧကစက္ခု ခေါ်တယ်။
မျက်စိတစ်ဖက်ပဲပါတယ်။
ပစ္စုပ္ပန်ဘဝခန္ဓာရပ် တည်ရေးအတွက်
မျက်စိတစ်လှမ်းလေးသာ ကြည့်နိုင်တယ်၊
လာကုတ္တရာအထိ ကြည့်နိုင်တဲ့
ပညာမျက်စိမပါဘူး။
သူက ဝမ်းဝအောင်တော့ ကျွေးနိုင်တယ်။
ကုသိုလ်ကို လေးလေးနက်နက်
တန်ဖိုးမထားလို့ ကုသိုလ်တော့ မရဘူး။
ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့လူကို
ပါဠိလိုတော့ ဒွိစက္ခု ခေါ်တယ်။
၃၀။ ဘက်စုံမြင်အောင် ကြည့်နိုင်တဲ့လူ
****************************************
ပစ္စုပ္ပန်ကို မြင်အောင်
ကြည့်နိုင်တဲ့ မျက်စိလဲပါတယ်၊
သံသရာကို မြင်အောင်
ကြည့်နိုင်တဲ့ မျက်စိလဲပါတယ်၊
ကိုယ့်အတွက် မြင်အောင်
ကြည့်နိုင်တဲ့ မျက်စိလဲပါတယ်၊
သူများအတွက် မြင်အောင်
ကြည့်နိုင်တဲ့ မျက်စိလဲပါတယ်၊
လောကီအတွက် မြင်အောင်
ကြည့်နိုင်တဲ့ မျက်စိလဲပါတယ်၊
လောကုတ္တရာအတွက် မြင်အောင်
ကြည့်နိုင်တဲ့ မျက်စိလဲပါတယ်၊
ဘက်စုံမြင်အောင် ကြည့်နိုင်တဲ့
ပညာမျက်စိပိုင်ရှင်ပေါ့။
၃၁။ ကုသိုလ်ဟူသည် ကံကိုပြုပြင်ပေးခြင်း
*****************************************
ကုသိုလ်ဆိုတာ ကံ၊ ဥာဏ်၊ ဝီရိယဆိုတဲ့
သုံးမျိုးမှာ ကံကိုထူထောင်ပေးခြင်း၊
မြှင့်တင်ပေးခြင်း၊
ပြုပြင်ပေးခြင်း ဖြစ်တယ်။
ခန္ဓာကိုယ်ကြီး ရထားတော့
အမြဲတမ်း ပြုပြင်သလိုပဲ၊
ကုသိုလ်လုပ်တယ်ဆိုတာ၊
ကံကိုပြုပြင်ပေးခြင်းလဲ ဟုတ်တယ်၊
စိတ်ကိုပြုပြင်ပေးခြင်းလဲ ဟုတ်တယ်။
ကုသိုလ်လည်းရ ဝမ်းလည်းဝတဲ့
အဆင့်မြင့်လူဖြစ်အောင်
သဒ္ဓါတရားလိုတယ်၊
အသိပညာတရားလိုတယ်၊
မေတ္တာတရားလိုတယ်။
၃၂။ ကုသိုလ်အလုပ် ကိုယ့်ဖို့ကျန်အောင်လုပ်
*****************************************
? ဒါနလုပ်တာ ဘယ်သူဖို့လဲ ?
ကိုယ်ဖို့ကျန်အောင်လုပ်ရတာ။
? သီလကျင့်သုံးတာ ဘယ်သူဖို့လဲ ?
ကိုယ်ဖို့ကျန်အောင်လုပ်ရတာ။
? ဥပုသ်စောင့်တာ ဘယ်သူဖို့လဲ ?
ကိုယ်ဖို့ကျန်အောင်စောင့်ရတာ။
? ဘုရားရှိခိုးတာ ဘာလုပ်ဖို့လဲ ?
ကိုယ်ဖို့ကျန်အောင် ရှိခိုးရတာ
? တရားထိုင်တာ တရားမှတ်တာ၊
တရားဘာဝနာပွားများတာ
ဘယ်သူဖို့လဲ?
ကိုယ်ဖို့ကျန်အောင် ပွားများရတာ။
? တရားနာကြတာ ဘာလုပ်ဖို့လဲ ?
ကိုယ့်ဖို့ကျန်အောင် နာကြရတာ
? ကုသိုလ်အလုပ်မှန်ရင်
ကိုယ်ဖို့ကျန်အောင်
လုပ်ကြရတာချည်းပဲ။
ဒါကြောင့် ကိုယ့်ကိုကိုယ်ချစ်တဲ့ပုဂ္ဂိုလ်များ
ကုသိုလ်တရားဟာ စီးပွားရေးပဲလို့၊
အမြင်ရှင်းရှင်း ကုသိုလ်ရအောင်
လိမ်မာပါးနပ်စွာ ယူကြစမြဲပါ။
၃၃။ လူဆိုသည်မှာ
****************************************
လူဆိုတာ . . .
လုပ်သင့်၊ မလုပ်သင့် ခွဲခြားနားလည်ရမယ်၊
မလုပ်သင့်တာကို ရဲရဲရှောင်ရမယ်၊
လုပ်သင့်တာကို မဖြစ်မနေ
ကြိုးကြိုးစားစား အားထုတ်ပြုလုပ်ရမယ်၊
အဲဒါမှ လူလို့ခေါ်တယ်။
လူဆိုတာ ထက်မြက်တဲ့ စိတ်ရှိရမယ်၊
စွန့်စားတဲ့ စိတ်ရှိရမယ်၊
မြင့်မားတဲ့ စိတ်ရှိရမယ်။
ရဲရင့်တဲ့ စိတ်ရှိရမယ်၊
ထက်ထက်သန်သန် တက်တက်ကြွကြွ
အဆင့်မြင့်တဲ့စိတ်ရှိရမယ်၊
အဲဒါမှ လူလို့ခေါ်တယ်။
လူဆိုတာ ဆရာမိဘစတဲ့
ပညာရှိ သူတော်ကောင်းတွေရဲ့
လမ်းညွှန်ချက်အဆုံးအမကို
ရတနာထုပ်ကြီးရသလိုပဲ၊
ရိုရိုသေသေ၊ လေးလေးစားစား၊
တန်ဖိုးထားပြီး လိုက်နာတတ်တယ်၊
ကျင့်သုံးတတ်တယ်။
အဲဒါမှ လူလို့ခေါ်တယ်။
? ရုပ်အနေနဲ့ တူလာရုံနဲ့ လူလို့မခေါ်ဘူး၊
? လူဆိုတာ လူနဲ့တူမှ လူလို့ခေါ်ရတယ်၊
? လူရဲ့ အရည်အသွေးရှိမှ
လူလို့ခေါ်ရတယ်၊
? လူရဲ့ အရည်အသွေးပါမှ
လူလို့ခေါ်ရတယ်၊
? အရေအတွက်တိုးရုံနဲ့ လူလို့မခေါ်ဘူး။
၃၄။ လူ့ဘဝဂုဏ်ရည် (၆)ချက်
****************************************
(၁) ဘုရားသာသနာနှင့် တွေ့ကြုံခွင့်ရခြင်း။
(၂) မိကောင်း၊ ဖကောင်း၊ ဆရာကောင်း၊
သမားကောင်းစသည့်
အမှီကောင်းတွေနှင့်
တွေ့ကြုံခွင့်ရကြခြင်း။
(၃) ရတနာသုံးပါးထွန်းကားသော
နေရာမှာ ဖြစ်ခွင့်၊ နေခွင့်ရခြင်း။
(၄) ရုပ်ပိုင်းဆိုင်ရာ
ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း။
(၅) စိတ်ပိုင်းဆိုင်ရာ
ခန္ဓာတည်ဆောက်မှု ပြည့်စုံခြင်း။
(၆) ကုသိုလ်ဆန္ဒပြင်းပြသော
အမျိုးကောင်းသား၊
အမျိုးကောင်းသမီးဖြစ်ရခြင်း။
၃၅။ လူ့ဘဝတန်ဖိုး
****************************************
? တကယ်တော့ လူဘဝတန်ဖိုးကို
ပစ္စည်းနဲ့ ဆုံးဖြတ်တာမှမဟုတ်ဘဲ၊
တရားနဲ့ ဆုံးဖြတ်တာပါ။
? မေတ္တာအရင်းခံတဲ့
မြင့်မြတ်သောတရားဖြင့်သာ
လူ့ဘဝတန်ဖိုးကို ဆုံးဖြတ်ပါတယ်။
၃၆။ ကံအကောင်းဆုံးလူ
****************************************
လောကမှာ ကံအကောင်းဆုံးလူ
ဘယ်သူလဲလို့ ရှာစမ်းကြည့်ပါ၊
ဗုဒ္ဓရတနာနှင့်တွေ့တဲ့လူဟာ
ကံအကောင်းဆုံးလူပါ၊
ဉာဏ်ဝီရိယစိုက်ဖို့ပဲ လိုတော့တယ်၊
ကံအကောင်းဆုံးတော့ ဖြစ်နေပြီ။
ဓမ္မရတနာနဲ့တွေ့တဲ့လူဟာ
လောကမှာ ကံအကောင်းဆုံးလူပဲ၊
ဒီဘဝကစပြီး နိဗ္ဗာန်မရောက်မချင်း
အောက်ကိုလဲ မရောက်ရအောင်၊
လမ်းလဲ မချော်ရအောင်၊
အပူမျိုးစုံလဲ ကင်းအောင်၊
လိုတာလဲ အကုန်ရအောင်၊
ရောက်လိုရာလဲ အားလုံးရောက်အောင်
သယ်ဆောင်သွားမယ့် အားအကောင်းဆုံး
ဓမ္မရတနာကိုရပြီဆိုပြီး ဝမ်းသာကြရမယ်။
၃၇။ တောခေါင်ခေါင်မှာ အသီးသီးနေသော
သစ်ပင်ကြီး
*****************************************
သဒ္ဓါတရား ခေါင်းပါးတဲ့ပုဂ္ဂိုလ်၊
အသိတရား ခေါင်းပါးတဲ့ပုဂ္ဂိုလ်လက်ထဲ
ရောက်သွားတဲ့ ပစ္စည်းဟာ
လူသူအရောက်အပေါက်မရှိတဲ့
တောခေါင်ခေါင်ကြီးထဲမှာ
အသီးသီးနေတဲ့ သစ်ပင်ကြီးနဲ့ တူတယ်။
တောခေါင်ခေါင်ကြီးထဲမှာ
အသီးသီးတဲ့ သစ်ပင်ဟာ
လူသူအရောက်အပေါက် မရှိတော့
အချိန်တန်အလိုအလျောက်
ကြွေကျ၊ ပုပ်ဆွေးပျက်စီးပြီးကုန်တယ်၊
ဘယ်သူမှ မစားသုံးရဘူး။
အဲဒီအတိုင်းပဲ၊
သဒ္ဓါတရားခေါင်းပါးတဲ့ပုဂ္ဂိုလ်
အသိတရားခေါင်းပါးတဲ့၊
မေတ္တာတရားခေါင်းပါးတဲ့လူလက်ထဲ
ရောက်သွားတဲ့ ပစ္စည်းဟာလဲပဲ
ဘယ်သူ့အတွက်မှ အကျိုးမရှိ၊
အချိန်တန်တော့ ပျက်သွားမှာပဲရှိတယ်။
ထိုက်တဲ့ပုဂ္ဂိုလ်တွေ
သုံးသွားကြတာလည်းရှိမှာပဲ၊
ရှာဖွေထားတဲ့ပုဂ္ဂိုလ်တောင်
အဖိုးတန်အောင် မသုံးလိုက်ရဘူး။
 
အရှင်သိရိန္ဒာဘိဝံသ
{တိပိဋကဓရ ယောဆရာတော်ဘုရားကြီး}
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ယောဆရာတော်ဘုရားကြီး
04-23-2023