တရားပလ္လင်ထက်က စကားအလင်္ကာများ (၁-၂-၃)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၁-၂-၃)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၁-၂-၃)
? ? ??? ??? ? ??? ? ?
၁။ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ
****************************************
စီးပွါးရေးနဲ့ပတ်သက်ပြီး
ကြီးပွါးတိုးတက်နေတဲ့ပုဂ္ဂိုလ်တွေ
ကြီးပွါးတိုးတက်နေတဲ့နိုင်ငံတွေ
ကြီးပွါးတိုးတက်နေတဲ့
ကုမ္ပဏီကြီးတွေဟာ
မြတ်ဗုဒ္ဓဟောထားတဲ့တရားကို
မသိသော်လည်း
မြတ်ဗုဒ္ဓဟောထားတဲ့
အချက်အလက်တွေနဲ့
ပြည့်စုံတယ်လို့ ပြောနိုင်ပါတယ်၊
သူတို့မှာ ဥဋ္ဌာနသမ္ပဒါ ရှိတယ်။
၁။ လုပ်ငန်းကျွမ်းကျင်တယ်။
၂။ နည်းပညာကောင်း ရှိတယ်။
၃။ ကြိုးစားအားထုတ်တယ်။
ဟောဒီအချက်အလက်တွေဟာ
ငြင်းလို့ မရတဲ့အချက်အလက်တွေပဲ။
နောက်ပြီး သူတို့မှာ အာရက္ခသမ္ပဒါ ရှိတယ်၊
အလေအလွင့် မရှိအောင် ထိန်းသိမ်းတယ်။
ကလျာဏမိတ္တတာခေါ်တဲ့
မိတ်ကောင်းဆွေကောင်းရှိတယ်၊
စီးပွါးရေးအကြံပေးမယ့်ပုဂ္ဂိုလ်တွေ
အကျင့်ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။
သမဇီဝိတာလို့ခေါ်တဲ့
ဝင်ငွေထွက်ငွေ မျှတအောင်သုံးတယ်၊
ဒီအချက်အလက်တွေနဲ့
ပြည့်စုံလို့ ကြီးပွါးတိုးတက်တာပါ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂။ ဓမ္မကြေးမုံ
****************************************
နည်းနည်းလေး စဉ်းစားကြည့်ပါ၊
တရားချစ်ခင်သူတော်စင်တွေ
ဘုရားကို ကိုးကွယ်လို့ရှိရင်
လာဘ်လာဘရွှင်တယ်ဆိုတာ တစ်ခု၊
ဒီဘုရားဟာ အရဟံစသော
ဂုဏ်တော်တွေနဲ့
ပြည့်စုံသည့်အတွက်ကြောင့်
ပူဇော်ထိုက် ကိုးကွယ်ထိုက်သောဘုရား၊
ဒီဘုရားကို ကိုးကွယ်ခြင်း
ပူဇော်ခြင်း အာရုံပြုခြင်းအားဖြင့်
ငါ့သန္တာန်မှာ လောဘတွေ
ဒေါသတွေ မောဟတွေ ငြိမ်းပြီး
စိတ်ငြိမ်းချမ်းမှုရတယ်လို့
စဉ်းစားပြီး ကိုးကွယ်တာ တစ်မျိုး၊
ဒီနှစ်မျိုးထဲမှာ ဘယ်ကိုးကွယ်မှုက
ပိုတန်ဖိုးရှိမလဲ စဉ်းစားကြည့်၊
ကိုယ်ကိုးကွယ်နေတာ
ပထမမျိုးနဲ့လား..?၊ ဒုတိယမျိုးနဲ့လား..?
ဒါကို စဉ်းစား နှိုင်းယှဉ်ကြည့်ရမယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၃။ ဓမ္မမှတ်ကျောက်
****************************************
မိမိတို့ လက်တွေ့
ကျင့်သုံးရမယ့် တရားဓမ္မ၊
သိထားရမယ့် တရားဓမ္မတွေ နာရလို့
ကိုယ့်ရဲ့ အမူအကျင့်တွေ
စိတ်နေသဘောထားတွေ
ပြောင်းလဲလာပြီး
သူတော်စင် သူတော်မြတ်အဖြစ်
ရောက်လာပြီဆိုရင် ဗုဒ္ဓမြတ်စွာရဲ့တရား
မှန်ကန်တယ်လို့ ဒီလိုမှတ်ကြရမှာပါ၊
တရားကိုအကြောင်းပြုပြီး
မာနတွေ တက်လာမယ်၊
မလိုမုန်းထားတဲ့
ဣဿာ, မစ္ဆရိယတွေ များလာမယ်၊
သူတစ်ပါးသိတာ,ရှိတာကို
မနာလိုတာက ဣဿာ၊
ကိုယ်သိတာကို
သူများ မသိစေချင်တာ၊
ကိုယ်ရှိတာကို
သူများ မရှိစေချင်တာက မစ္ဆရိယ၊
အဲဒါမျိုးတွေ တိုးပွါးလာရင်
ဒါဟာ မမှန်ကန်သေးဘူးလို့
ဒီလိုမှတ်ရမယ်။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
 
ပါမောက္ခချုပ်ဆရာတော်
04-23-2023