တရားပလ္လင်ထက်က စကားအလင်္ကာများ (၇-၈-၉)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၇-၈-၉)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၇-၈-၉)
? ? ??? ??? ? ??? ? ?
၇။ ခုခံစွမ်းအား
***************************************
လောကလူတွေရဲ့
စိတ်ဓာတ်အခြေနေတွေက
အဆင်ပြေနေရင်လည်း
တစ်မျိုးတစ်မည်ပြောင်းတယ်၊
ပင်ကိုယ်စိတ် အခြေနေဆိုတာလေးကို
ထိန်းသိမ်းဖို့ လိုတယ်၊
လူ့ရဲ့စိတ်ဆိုတာ လျှပ်စစ်မီးလိုပဲ၊
မီးအားကျသွားရင်
မီးကောင်းကောင်း မလင်းတော့ဘူး၊
မီးအားတွေ မြင့်သွားပြန်ရင်လည်း
ဖန်ချောင်းတွေ မီးသီးတွေ
ပေါက်ကွဲကုန်တယ်။
လူ့ရဲ့စိတ်ထဲမှာလည်း တစ်ခါတစ်ရံ
စိတ်ဓာတ်ကျနေရင် ပုံမှန်မဖြစ်ဘူး၊
စိတ်ဓာတ်က သိပ်တက်သွားလို့ရှိရင်လည်း
ပေါက်ကွဲ သွားနိုင်ပြန်တယ်၊
အဲဒီနှစ်ခုကို ညှိပြီးတော့ နေဖို့ရန်အတွက်
စိတ်ဓာတ်ခွန်အားတွေ ခုခံအားတွေကို
လေ့ကျင့်ယူကြရမယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၈။ အခွင့်ကောင်းကို ရအောင်ယူ
***************************************
အခွင့်ကောင်းဆိုတာ
ကြုံတောင့်ကြုံခဲ အရာတစ်ခုပါ၊
ကြုံမှန်း မသိကြဘဲ (သို့မဟုတ်)
အခွင့်ကောင်းကို အသုံးမချဘဲ
ဘဝတစ်ခုကို
လက်လွတ်ဆုံးရှုံးသွားကြတာတွေ
လူ့လောကမှာ အများကြီးပဲ။
အခွင့်ကောင်းကြုံနေတာကို
သိလျက်သားနဲ့
အခြားကိစ္စဝိစ္စတွေနဲ့
မအားဘူးဆိုတာကို
အကြောင်းပြပြီးတော့
ဘဝတစ်ခု ပြီးဆုံးသွားကြတာ။
ခဏအခွင့်ကောင်းဆိုတာ အမြဲမရှိနိုင်ဘူး၊
ဘဝဆိုတာလေးပဲ၊
ကိုယ့်မျက်စိအောက်မှာတင်
ချမ်းသာပြီးတော့မှ
ဆင်းရဲသွားတဲ့လူတွေလည်း
အများကြီးရှိတယ်။
အဲဒီတော့ အချိန်ပိုင်းလေးအနေနဲ့
တိုတောင်းလှပါတယ်၊
ရရှိနေတဲ့ အခွင့်ကောင်းကို
မရယူနိုင်ဘူးဆိုရင်
ဒီထက်အရေးကြီးတဲ့ အခွင့်ကောင်းတွေ
အကျိုးကျေးဇူးတွေ
ဆုံးရှုံးနစ်နာသွားနိုင်တယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၉။ ရှာဖွေခြင်းနှင့် ရရှိခြင်း
***************************************
“မြင့်မြတ်သူတို့၏ ရှာဖွေခြင်းနဲ့
သာမန်ပုဂ္ဂိုလ်တို့၏ ရှာဖွေခြင်း” လို့
ရှာဖွေခြင်းနှစ်ရပ်ထဲမှာ
တို့ရှာဖွေနေတဲ့ နေ့စဉ်ရှာဖွေမှုတွေဟာ
မြင့်မြတ်တဲ့ရှာဖွေမှုလား
မမြင့်မြတ်တဲ့ရှာဖွေမှုလားလို့
ဆင်ခြင်သုံးသပ်ကြည့်ဖို့ လိုတယ်။
မမြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ
မိမိကိုယ်တိုင်က အိုခြင်း,နာခြင်း,
သေခြင်းသဘောရှိသူ ဖြစ်ပါလျက်
အိုခြင်း, နာခြင်း, သေခြင်းသဘောရှိတဲ့
အရာတွေကိုသာ ရှာဖွေနေခြင်း၊
နောက်တစ်ခုက မိမိကိုယ်တိုင်က
ပူပန်တတ်တဲ့သဘောရှိပြီး
ပူပန်တတ်တဲ့သဘောရှိတာတွေကိုသာ
ရှာဖွေနေခြင်းဟာ
မမြင့်မြတ်တဲ့ ရှာဖွေခြင်းပဲ။
ကမ္ဘာမှာ သန်း(၆၀၀၀)ကျော်ရှိတဲ့
လူတွေကို ကြည့်လိုက်ရင်
ဒီအထဲပဲ ရှာနေကြတာ၊
ရှာတာတွေမှန်သမျှ
အများစု ဒီအထဲချည်းပဲ။
မြင့်မြတ်တဲ့ရှာဖွေခြင်းဆိုတာ
ကိုယ်တိုင်က အိုခြင်း, နာခြင်း, သေခြင်း
သဘောရှိလို့ ယင်းတရားတွေအပေါ်မှာ
အပြစ်မြင်တယ်၊ အပြစ်မြင်လာပြီး
အိုခြင်း,နာခြင်း, သေခြင်း
ကင်းတဲ့ နိဗ္ဗာန်ကို ရှာတယ်၊
နောက်တစ်ခုက
ကိုယ်တိုင်က ကိလေသာတွေနဲ့
ပူပန်မှုသဘောရှိလို့
ကိလေသာပူပန်မှုတွေ လုံးဝကင်းစင်တဲ့
နိဗ္ဗာန်ကို ရှာတယ်၊ ဒီလိုရှာတာကမှ
မြင့်မြတ်တဲ့ ရှာဖွေခြင်းဖြစ်တယ်။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
 
ပါမောက္ခချုပ်ဆရာတော်
04-23-2023