တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၀-၁၁)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၀-၁၁)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၀-၁၁)
? ? ??? ??? ? ??? ? ?
၁၀။ အလုပ်ရှင်နှင့် အလုပ်သမား စိတ်ကောင်းထား
*******************************************
အလုပ်ရှင်နှင့် အလုပ်သမားဆိုရာ
အလုပ်ရှင်ကလည်း
အလုပ်သမားရှိမှ ရပ်တည်နိုင်သလို
အလုပ်သမားတွေကလည်း
အလုပ်ရှင်ကို အမှီပြုမှ ရပ်တည်နိုင်တယ်၊
အပြန်အလှန် မှီခိုနေကြတယ်။
အလုပ်ရှင်နှင့် အလုပ်သမား
အပြန်အလှန် မေတ္တာနဲ့ကူးယှက်ထားမယ်
မေတ္တာနဲ့ပေါင်းစပ်ထားမယ်ဆိုရင်
ဒီလုပ်ငန်းတစ်ခုထဲမှာ
Problem ဆိုတာ ဘာမှမဖြစ်နိုင်ဘူး၊
အလုပ်ရှင်ကလည်း
အလုပ်သမားကို ကျေးဇူးတင်တယ်၊
အလုပ်သမားကလည်း
အလုပ်ရှင်ကို ကျေးဇူးတင်တယ်၊
ဒီလို အပြန်အလှန်မေတ္တာရှိနေရင်
ဒီမေတ္တာဓာတ်ရဲ့ အစွမ်းသတ္တိထက်မှုဟာ
အောင်မြင်ကြီးပွါးလာနိုင်တယ်ပေါ့။
ဒီထဲကမှ ကိုယ့်လုပ်ဖေါ်ကိုင်ဖက်ဖြစ်စေ
တစ်ဦးတစ်ယောက် နိမ့်ကျသွားရင်
“ဩော်-မကောင်းတဲ့ အခြေအနေလေးတွေ
ပြန်ကောင်းပါစေ” လို့ ဆိုတဲ့
အခက်ခဲတွေက လွတ်မြောက်စေချင်တဲ့
အတွေးအခေါ် စိတ်ဓာတ်ရှိခြင်းဟာ
“ကရုဏာ” လို့ ခေါ်တယ်။
အောင်မြင်ကြီးပွါးသွားလို့ ဝမ်းသာနိုင်ရင်
“မုဒိတာ” ဖြစ်တယ်ပေါ့၊
မေတ္တာကတော့ အားလုံးကိုခြုံထားတာ၊
ဒါကြောင့် အလုပ်ရှင်နှင့် အလုပ်သမား
အပြန်အလှန် မေတ္တာ, ကရုဏာ,
မုဒိတာ ထားနိုင်ကြမယ်ဆိုရင်
အောင်မြင်မှုတွေ
ရရှိလာကြမှာပဲ ဖြစ်ပါတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၁၁။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
*****************************************
လုပ်တာကတော့
ကုသိုလ်ရေးလုပ်ငန်းကို လုပ်တယ်၊
(သို့သော်) အကုသိုလ်တွေ
ပါလာတဲ့အခါ
ရလိုက်တဲ့ကုသိုလ်က
တစ်ပဲသားလောက် ရပြီးတော့
ငရဲမှာဖြစ်စေတတ်တဲ့
အကုသိုလ်တွေကပဲ များနေတယ်။
လောကကြီးမှာ ကုသိုလ်လုပ်ပေမယ့်လို့
လုပ်တတ်မှ ကုသိုလ်ဖြစ်တယ်၊
မလုပ်တတ်ရင် အကုသိုလ်တွေ
ဖြစ်တတ်တယ်၊
ဒါကြောင့်မို့ မလုပ်ခင်မှာ
ဒါဟာ ကုသိုလ်လား
အကုသိုလ်လားဆိုတာကို
သိဖို့လိုအပ်တယ်။
လောကလူတွေက
ဒါလုပ်ရင် ငရဲကြီးသလားလို့ပဲမေးပြီး
အကုသိုလ်ဖြစ်သလားလို့
မေးတဲ့သူ အလွန်နည်းတယ်၊
ငရဲမကြီးဘူးဆိုရင်
လုပ်ကောင်းလိမ့်မယ် ထင်နေတာ၊
ငရဲကြီးတယ်ဆိုတာ
အပြစ်ကြီးတာကိုပြောတာ၊
အပြစ်ကြီးတာဆိုတော့
အကုသိုလ်ဖြစ်တာပဲပေါ့။
အကုသိုလ်ဖြစ်တိုင်းတော့
ငရဲကျတာ မဟုတ်ပါဘူး၊
ဘယ်အရာပဲဖြစ်ဖြစ်
သူ့အတိုင်းအတာနဲ့ သူရှိတယ်၊
လုပ်ဆောင်ချက်တိုင်းမှာ
အကုသိုလ်ချင်း တူပေမယ့်လို့
အကျိုးပေးချင်း မတူဘူး၊
ဒီအကုသိုလ်ဟာ ဘယ်အထိအောင်
အကျိုးပေးတယ်ဆိုတာ
မြတ်စွာဘုရားမှ
သိနိုင်တဲ့အရာဖြစ်ပါတယ်။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023