တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၅-၁၆-၁၇)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၅-၁၆-၁၇)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၅-၁၆-၁၇)
? ? ??? ??? ? ??? ? ?
၁၅။ ဓမ္မကို အဖေါ်ပြုမှ ထာဝရချမ်းသာမည်
******************************************
လောကလူ့သဘာဝကိုက
အဖေါ်မဲ့ မနေတတ်ဘူး၊
အဖေါ်နဲ့ နေတတ်တယ်၊
‘ပုဂ္ဂလ’လို့ ခေါ်တဲ့ အဖေါ်က ဘဝအတွက်
အထောက်အကူ အများကြီး မပေးနိုင်ဘူး၊
‘ဓမ္မ’ဆိုတဲ့တရားကို အဖေါ်ပြုမှ
ထာဝရချမ်းသာမှုကို ရနိုင်တယ်။
ဓမ္မကို အဖေါ်ပြုတယ်ဆိုရာမှာ
သေခါနီးကာလ နောက်ဆုံးအချိန်ကျမှ
အဖေါ်ပြုလို့ကတော့ ကိုယ့်သန္တာန်မှာ
ဓမ္မဟာ ရောက်ရှိလာမှာ မဟုတ်ဘူး၊
ဓမ္မဆိုတာ လူတိုင်းအတွက်
အသုံးဝင်တာ မှန်သော်လည်း
လွယ်လွယ်ကူကူနဲ့ ရင်ထဲနှလုံးထဲ
ရောက်လာတာ မဟုတ်ပါဘူး၊
အချိန်ယူပြီး ကြိုးစားအားထုတ်မှုတွေ
လုပ်ထားကြရတယ်၊
အဲဒီလိုမှ လုပ်မထားရင်
နောက်ဆုံးအချိန်မှာ
ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီး
ဆင်းရဲဒုက္ခတွေနဲ့
ရင်ဆိုင်သွားရတတ်တယ်။
လောကမှာ ဓမ္မကို
အဖေါ်မပြုတဲ့ပုဂ္ဂိုလ်တွေဟာ
ဝမ်းနည်းခြင်း ကြေကွဲခြင်းနဲ့ပဲ
အဆုံးသတ်သွားရတယ်၊ လူဆိုတာ
မျှော်လင့်ချက်လေးတွေ ရှိတယ်။
နောက်ဆုံး ဝင်သက်ကလေးနဲ့
ထွက်သက်ကလေးမရောက်ခင်
ကိုယ်လုပ်ရမယ့်ဓမ္မကို
အခုကတည်းက အဖေါ်ပြုနိုင်အောင်
ကြိုးစားအားထုတ်မယ်ဆိုရင်
နောက်ကျတယ်လို့ မပြောနိုင်ပါဘူး။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၁၆။ ဘဝအရေး စိတ်အေးရလေအောင်
****************************************
လူတိုင်းလူတိုင်းဟာ ဘဝရထားလို့
ဘဝအရေးမှာ စိတ်အေးကြရပြီလား..?
ဘဝအရေး စိတ်အေးဖို့
ဘာတွေလိုအပ်သလဲ..?
ဗုဒ္ဓမြတ်စွာက လွန်ခဲ့တဲ့
နှစ်ပေါင်း (၂၅၀၀)ကျော်က
ဟောကြားထားတဲ့ တရားဓမ္မတွေရှိတယ်၊
ဘဝတစ်ခု ရထားတဲ့ပုဂ္ဂိုလ်တွေ
ဘဝအရေးစိတ်အေးဖို့
ဘာလုပ်ရမလဲဆိုတာ
မှန်ကန်တဲ့ နည်းလမ်းကို ချမှတ်ပြီးတော့
ဟောပြောထားတာရှိတယ်။
စီးပွါးဥစ္စာတွေ လိုလေသေးမရှိအောင်
ပြည့်စုံတဲ့ဘဝတစ်ခု ရရှိထားပြီဆိုရင်
လူတွေက ပြောကြတယ်
“ဘဝအရေးတော့ စိတ်အေးရပြီ”တဲ့၊
တကယ်ကော စိတ်အေးရတာ ဟုတ်ရဲ့လား။
ဘဝအရေးအတွက် စိတ်အေးရအောင်
လိုအပ်တဲ့ အချက်တွေကတော့ ...
၁။ မှန်တာကို ပြောဖို့လိုတယ်၊
၂။ ကိုယ့်ဘဝ ကိုယ့်အကြောင်း
အကောင်းအဆိုး အကြောင်းအကျိုး
သိတဲ့ပညာ လိုတယ်၊
၃။ ကြိုးပမ်းအားထုတ်မှု
လုံ့လဝီရိယ လိုတယ်၊
၄။ စာဂဆိုတဲ့ ကိုယ်တစ်ယောက်ထဲ
မသုံးစွဲဘဲနဲ့ ကိုယ့်ရှိတဲ့ပစ္စည်းကို
မျှဝေသုံးစွဲတတ်တဲ့
စွန့်ကြဲမှုဆိုတာ လိုတယ်၊
အဲဒီလေးမျိုးနဲ့ ပြည့်စုံရင်
နောက်ဘဝအရေး
စိတ်အေးရပါတယ်တဲ့။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၁၇။ အစွမ်းတန်ခိုးများနှင့် သာသနာ
****************************************
‘ဣဒ္ဓိ’ခေါ်တဲ့ အစွမ်းတန်ခိုးတွေပြပြီး
စည်းရုံးတာမျိုးတို့၊ ‘အာဒေသနာ’ခေါ်တဲ့
လူတစ်ယောက်ရဲ့ စိတ်ကို
ရည်ညွန်းပြောဆိုတဲ့
အတတ်ဟောတာမျိုးတွေ
ဟောပြီးတော့ စည်းရုံးတာမျိုးတို့ဟာ
တကယ်မအောင်မြင်နိုင်ပါဘူး။
“အနုသာသနီ'လို့ ခေါ်တဲ့
တကယ့်အစစ်အမှန်
ဆုံးမဩဝါဒပေးခြင်း
တကယ့်တရားဓမ္မ
သင်ပြပေးခြင်းကသာလျှင် စစ်မှန်တဲ့
သာသနာပြု စည်းရုံးတာ ဖြစ်ပါတယ်။
ဝိဇ္ဇာအတတ်တွေ တတ်ပေမယ့်
ကိုယ့်စိတ်လေးကို
ဖြူစင်အောင် မထားနိုင်ရင်
လောဘ, ဒေါသ, မောဟတွေ ဖြစ်နေမှာပဲ၊
အဲဒါနဲ့ သေရင် သံသရာထဲမှာလည်ဦးမယ်၊
ဒုက္ခသုက္ခတွေ ရောက်ဦးမယ်၊
မန္တာန်တန်ခိုး အစွမ်းတန်ခိုးတွေမှီပြီး
မဟုတ်တာလုပ်ရင် ငရဲကျဦးမယ်။
ဂန္ဓာရီဝိဇ္ဇာဆိုတဲ့ အတတ်ပညာတွေက
တကယ်ရှိပါတယ်၊
သို့သော် မယုံကြည်တဲ့သူက
လောကီအတတ်ပညာ
မျက်လှည့်အတတ်ပညာတွေပါ ဆိုပြီး
ဘယ်လိုပဲ စည်းရုံးစည်းရုံး
စည်းရုံးလို့ ရမှာမဟုတ်ပါဘူး။
ဒါကြောင့် ‘ဣဒ္ဓိ'ဆိုတဲ့
အစွမ်းတန်ခိုးပြပြီးတော့
သာသနာပြုတာဟာ
မှန်ကန်တဲ့နည်းလမ်း မဟုတ်လို့
မြတ်စွာဘုရားကလည်း
ခွင့်ပြုမထားခဲ့ပါဘူး။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023