တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၈-၁၉-၂၀)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၈-၁၉-၂၀)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၁၈-၁၉-၂၀)
? ? ??? ??? ? ??? ? ?
၁၈။ လောကဓံမုန်တိုင်းများနှင့် ကြံ့ခိုင်သည့်စိတ်ထား
*******************************************
ကောင်းတဲ့ လောကဓံနဲ့ ကြုံရင်
လောဘဖြစ်တယ်၊ လောဘဖြစ်ရင်
စိတ်မငြိမ်မသက်ဖြစ်မယ်၊
မကောင်းတဲ့ လောကဓံနဲ့ကြုံရင်
ဒေါသဖြစ်မယ်၊ ဒေါသဖြစ်ရင်
စိတ်မငြိမ်မသက် ဖြစ်မယ်။
အဲဒီတော့ လောဘ, ဒေါသ
ဝင်လာတာနဲ့တစ်ပြိုင်နက်
စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ မရှိတော့ဘူး၊
လောဘက အရောင်ဆိုးလိုက်၊
ဒေါသက အရောင်ဆိုးလိုက်နဲ့
လောကဓံတရားတွေအပေါ်မှာ
လောဘနဲ့ဒေါသ
လိုက်လျောလိုက် ဆန့်ကျင်လိုက်နဲ့
မည်သူပဲဖြစ်ဖြစ်
လောကဓံရဲ့ ဒဏ်ကို ခံနေရတယ်။
လောကဓံဆိုတာကတော့
ရှောင်ကွင်းလို့ မရနိုင်ဘူး၊
လောကဓံကြောင့် စိတ်ဓာတ်တွေ
ကြံ့ခိုင်ခြင်းမရှိဘဲ
တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်ဟာ
ဘာဖြစ်နိုင်တုန်းဆိုရင်
အဆိုးလောကဓံတွေကို ဆန့်ကျင်ပြီး
အကောင်းလောကဓံတွေနဲ့
ကျေနပ်နေတဲ့ပုဂ္ဂိုလ် တစ်ယောက်ဟာ
ပဋိသန္ဓေနေခြင်းကလည်း မလွတ်နိုင်ဘူး၊
အိုခြင်း, နာခြင်း, သေခြင်းကလည်း
မလွတ်နိုင်ဘူး၊ သောက,ပရိဒေဝ,
ဒုက္ခ, ဒေါမနဿဆိုတဲ့
ဘဝမှာ ကြုံတွေ့ရမယ့်
အဆိုးတရားတွေကို မလွန်မြောက်နိုင်ဘူး၊
ကုန်ကုန်ပြောရလို့ရှိရင် ဒုက္ခက
လွတ်လမ်းမရှိဘူးလို့ ဒီလိုဆိုလိုတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၁၉။ အထင်မှား အမြင်မှား
****************************************
ကုသိုလ်ကံက အကျိုးပေးလိုက်လို့
တစ်ခဏတာ အချိန်ပိုင်းလေးမှာ
လူဖြစ်လာကြတယ်၊
များသောအားဖြင့် လူတွေဟာ
“တို့ ဘာကြောင့် လူဖြစ်လာရသလဲ”
ဆိုတာကို မစဉ်းစားကြဘူး၊
စဉ်းစားတဲ့အခါမှာလည်း ဉာဏ်မမီဘူး၊
ဉာဏ်မမီသည့်အတွက်
ဘာကြောင့် လူဖြစ်လာရတယ်ဆိုတဲ့
အကြောင်းတရားကို
တွေ့အောင်မရှာနိုင်ဘူး၊
မရှာနိုင်သည့်အတွက်
အကြောင်းအမျိုးမျိုးကို
ထင်ကြေးပေးကြတယ်၊
တကယ့်စစ်မှန်တဲ့ အကြောင်းတရားကို
လုပ်ဆောင်ဖို့ရာ မသိဘဲ ဖြစ်ကြရတယ်။
အထင်မှား အမြင်မှား ဆိုရာမှာ
ထင်မှားမှု ၃-မျိုး ရှိတယ်။
၁။ တဏှာမညနာ = တဏှာနဲ့ အထင်မှားမှု၊
၂။ မာနမညနာ = ကိုယ့်ရဲ့ အရည်အချင်းပေါ်
မာန်တက်တဲ့မာနနဲ့ အထင်မှားမှု၊
၃။ ဒိဋ္ဌိမညနာ = အယူအဆနဲ့ ပတ်သက်ပြီး
အထင်မှားမှုဆိုပြီး ၃-မျိုးရှိတယ်။
အဲဒီလို အထင်အမြင်
မှားသည့်အတွက်ကြောင့်
လုပ်သင့်တာ မလုပ်သင့်တာကို မသိဘူး၊
လုပ်ချင်တာတွေပဲ လုပ်တဲ့အခါ
အကောင်းလည်း လုပ်မိတယ်၊
အဆိုးလည်း လုပ်မိတယ်၊
အကောင်းလုပ်တဲ့အခါ ကုသိုလ်ဖြစ်ပြီး
အဆိုးလုပ်မိတဲ့အခါ
အကုသိုလ်တွေ ဖြစ်တတ်တယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၀။ အကာကိုပစ်၍ အနှစ်ကိုရာ
****************************************
အနှစ်သာရလို့ ပြောစရာ
ခန္ဓာကိုယ်ကြီးမှာ တစ်ခုမှ မရှိဘူး၊
နာမ်ထဲမှာလည်း ဖြစ်တာမြန်လို့
အနှစ်သာရဆိုတာ ဘာမှမရှိဘူး၊
သို့သော် နာမ်တရားကို မှီပြီးဖြစ်တဲ့
အနှစ်သာရလေးကိုရအောင်
ယူနိုင်မယ်ဆိုရင်တော့
ခန္ဓာကိုယ်ထဲက အနှစ်ကို
ထုတ်ယူလို့ ရနိုင်သေးတယ်။
အနှစ်နဲ့အကာကို
ခွဲခြားပြီးသိမယ်ဆိုလို့ရှိရင်
အကာအတွက်
အချိန်များများ မပေးတော့ဘူး၊
အနှစ်သာရ ရဖို့အတွက်
အချိန်များများ ပေးလိမ့်မယ်။
ဘဝမှာ ရနိုင်တဲ့ အနှစ်တွေက
ဘာတွေလဲဆိုရင် “သဒ္ဓါ”ဆိုတဲ့ အနှစ်၊
‘သီလ’ဆိုတဲ့ အနှစ်၊ 'သူတ’ဆိုတဲ့
ဘုရားဟောထားတဲ့
တရားဒေသနာနာကြားမှု အနှစ်၊
‘စာဂ’လို့ဆိုတဲ့ စွန့်လွှတ်မှု
လှူဒါန်းပေးကမ်းနိုင်မှု အနှစ်၊
‘ပညာ’လို့ဆိုတဲ့ အနှစ်၊ နာမ်တရားထဲမှာ
ဒီအနှစ်သာရတွေ ရှိပြီးတော့နေတယ်၊
သို့သော် အနှစ်ကိုထုတ်မယူတတ်လို့ရှိရင်
အကာပဲ ရသွားနိုင်ပါတယ်။
လူတွေ အထင်ကြီးနေကြတာက
အကာတွေပါ၊ လောကမှာ လူအများက
ပစ္စည်းဥစ္စာ ရာထူးအာဏာ
ပါဝါတွေအပေါ်မှာ အထင်ကြီးကြတယ်၊
စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာ
တစ်ခဏပဲ၊ အကန့်သတ်တွေနဲ့ချည်းပဲ၊
ခိုင်မြဲတာ မရှိဘူး၊ အဲဒါတွေအပေါ်မှာ
လူတွေက နေ့စဉ်နဲ့အမျှ
ရှာဖွေပြီး တပ်မက်နေကြတာ၊
သဒ္ဓါတရား ပျက်သွားလို့
ကိုယ်ကျင့်တရား
ပျက်သွားလို့ ဆိုတာမျိုးကို
စိုးရိမ်သောကရောက်ရမှာမှန်း မသိကြဘူး၊
တကယ်စိုးရိမ်သင့်တာကတော့
ကိုယ်ကျင့်တရားပျက်ခြင်း
အသိအမြင်ပျက်ခြင်းသည်သာ
တကယ်စိုးရိမ်စရာကောင်းတဲ့အရာပါ။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023