တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၄-၂၅-၂၆)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၄-၂၅-၂၆)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၄-၂၅-၂၆)
? ? ??? ??? ? ??? ? ?
၂၄။ မြတ်သောဥစ္စာ စုဆောင်းပါ
****************************************
ပကတိဥစ္စာလို့ခေါ်တဲ့
လောကလူသားတွေ ရှာဖွေနေကြတဲ့
ပစ္စည်းဥစ္စာတွေက
အဖျက်အမျိုးမျိုးနဲ့လည်း
ဆက်နွှယ်နေတယ်၊
ရေ, မီး, မင်း, သူခိုး,
မချစ်မနှစ်သက်အပ်တဲ့
သားဆိုး သမီးဆိုးတွေကြောင့်လည်း
ထိုပစ္စည်းတွေဟာ ဆုံးရှုံးပျက်စီးရတယ်။
ဘယ်လောက်ပဲ ပင်ပင်ပန်းပန်း
ရှာထားရှာထား ထိုပစ္စည်းတွေဟာ
တစ်နည်းနည်းနဲ့ ကုန်ဆုံးသွားမှာ
ဖြစ်သည့်အတွက်ကြောင့် ခိုင်မာမှုဆိုတာ
အလွန်နည်းတယ်လို့ ဆိုရမယ်။
မြတ်စွာဗုဒ္ဓက ရှာဖွေစုဆောင်းဖို့
တိုက်တွန်းတဲ့ မြတ်သောဥစ္စာဆိုတာက
ဘာတွေလဲဆိုရင်
သဒ္ဓါ, သီလ, သုတ, စာဂ, ပညာဆိုတဲ့
လူ့ရဲ့အရည်အချင်းတွေပဲ ဖြစ်တယ်။
ပကတိဥစ္စာနဲ့ မြတ်သောဥစ္စာဟာ
တန်ဖိုးချင်း အလွန်ကွာခြားတယ်၊
ကားကြီးနဲ့ လေးငါးစီးတိုက်ထားတဲ့
လမ်းဘေးက ကျောက်တွေရဲ့
စုစုပေါင်းတန်ဖိုးဟာ
စိန်ကလေးတစ်ပွင့်ရဲ့ တန်ဖိုးနဲ့
နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
အလွန်ကွာခြားနေသလိုပဲ၊
ပကတိဥစ္စာတွေနဲ့ မိမိတို့ရဲ့
ရင်ထဲနှလုံးထဲမှာဖြစ်တဲ့
သူတော်ကောင်းဥစ္စာ ၇-ဖြာဆိုတဲ့
မြတ်သောဥစ္စာဟာ အလွန်ကွာခြားတယ်၊
ဒါကြောင့် မြတ်စွာဘုရားက
“မြတ်သောဥစ္စာ စုဆောင်းပါ”လို့
ပြောတာနော်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၅။ ရောဂါကုစား စိတ်စွမ်းအား
****************************************
စိတ်စွမ်းအားက
ရောဂါကို ကုစားပေးနိုင်တယ်၊
ဒီကနေ့ ခေတ်ပညာကလည်း
ဒါကို လက်ခံထားတယ်၊
ဗုဒ္ဓမြတ်စွာရဲ့
တရားတော်တွေထဲမှာလည်း
တရားဓမ္မကို နာယူခြင်းဖြင့်
စိတ်ဓာတ်အေးငြိမ်းပြီး
ရောဂါပျောက်သွားတဲ့
မှတ်တမ်းတွေရှိတယ်။
ရောဂါနဲ့ ပတ်သက်လာရင်
စိတ်ရောဂါတင် မကဘူး၊
ရုပ်ခန္ဓာကိုယ်ပေါ်မှာဖြစ်တဲ့
ရောဂါကိုပင်လျှင် စိတ်စွမ်းအားနဲ့
ကုစားကြတာတွေ ရှိတယ်။
ဗုဒ္ဓဘာသာနိုင်ငံတွေမှာ
နေမကောင်းတဲ့အခါ
သံဃာတော်တွေကို ပင့်ပြီး
ဗောဇ္ဈင်္ဂသုတ်တို့ ပရိတ်တို့ နာကြတယ်၊
ဒါဟာ Psychotherapy တစ်မျိုးပဲ၊
ဒီအခေါ် အဝေါ်နဲ့ မဟုတ်ပေမယ့်လို့
ဗောဇ္ဈင်သုတ်နာကြားရလို့
ရောဂါပျောက်သွားတယ်ဆိုတာ
Psychotherapy ပဲ။
စိတ်ဓာတ်ရေးရာကို
ပြုပြင်ပေးလိုက်သည့်အတွက်
ရောဂါဝေဒနာဟာ
ပျောက်ကင်းသက်သာသွားတဲ့
အခြေအနေတစ်ရပ်ပါ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၆။ ဘာသာတရားကို လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက်
******************************************
“ဗြဟ္မစရိယ’ ဆိုတဲ့အသုံးကို
ဒီခေတ် နားလည်လွယ်အောင်
‘ဘာသာတရား လိုက်နာကျင့်သုံးခြင်း’ လို့
ပြင်ဆင်သုံးလိုက်တယ်၊
ဘာသာတရားကို
လိုက်နာကျင့်သုံးခြင်းဟာ
အခြေအနေတွေ ကံတရားတွေကို
ပြောင်းပစ်ဖို့ မဟုတ်ဘူး၊
ဒီကနေ့ခေတ်ပုဂ္ဂိုလ်တွေဟာ
အခြေအနေတစ်ခု
ပြောင်းပစ်ဖို့လုပ်နေကြတယ်။
ဘာအတွက် လိုက်နာကျင့်သုံးတာလဲဆိုရင်
သံသရာမှာ ဘယ်တုန်းကမှ
မသိခဲ့ဘူးတဲ့, မမြင်ခဲ့ဘူးတဲ့,
ဘယ်တုန်းကမှ
ကိုယ့်ရဲ့စိတ်ထဲ နှလုံးထဲ
ရောက်မလာခဲ့ဘူးတဲ့,
မျက်မှောက်မပြုခဲ့ဘူးတဲ့,
ဘယ်တုန်းကမှ
ကိုယ့်အသိစိတ်ထဲမှာ ပေါ်မလာခဲ့ဘူးတဲ့
အကြောင်းအရာတစ်ခုကို
သိဖို့ မြင်ဖို့ ရောက်ရှိလာဖို့
မျက်မှောက်ပြုနိုင်ဖို့ ထိုးထွင်းသိနိုင်ဖို့
ဘာသာတရားဆိုတာ ကျင့်သုံးရတာပါတဲ့။
ဆိုလိုတာက ‘မသိတာတွေ သိဖို့
ဘာသာတရား ကျင့်သုံးတယ်' လို့
ဒီလိုပြောတာ။
ဒါဖြင့် ဘယ်တုန်းကမှ
မမြင်ခဲ့သေးတာတွေ
မရခဲ့သေးတာတွေဆိုတာ
ဘာတွေလဲဆိုတော့ “သစ္စာ ၄-ပါး” ပဲ၊
သစ္စာ ၄-ပါး မသိလို့
ဘုန်းကြီးတို့တစ်တွေဟာ
သံသရာလည်နေကြတာ၊
သစ္စာ ၄-ပါးတရားကို
သိသွားတာနဲ့တစ်ပြိုင်နက်
သံသရာလည်ခြင်းအကြောင်းတွေ
အကုန်ဖယ်ရှားသွားနိုင်ပြီတဲ့။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023