တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၇-၂၈-၂၉)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၇-၂၈-၂၉)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၂၇-၂၈-၂၉)
? ? ??? ??? ? ??? ? ?
၂၇။ ဘဝ၏ ဝန်ထုပ်ဝန်ပိုးများ
****************************************
ခန္ဓာငါးပါးရထားတဲ့ ပုဂ္ဂိုလ်တိုင်းဟာ
ဝန်ထုပ်ဝန်ပိုးကြီးကို
ရင်ဝယ်ပိုက်ထားတာနဲ့ အတူတူပဲတဲ့။
မသေမခြင်း
ဘဝခရီးလျှောက်နေတဲ့ ပုဂ္ဂိုလ်တွေမှာ
အန္တရာယ်တွေ အများကြီးပဲ၊
အိုခြင်း, နာခြင်းဆိုတဲ့
အန္တရာယ်လည်း တွေ့မယ်၊ နောက်ဆုံးမှာ
သေခြင်းဆိုတာနဲ့လည်း ရင်ဆိုင်ပြီး
ဘဝတစ်ခု အဆုံးသတ်သွားမယ်၊
အကောင်းဆိုတာ ရှိရဲ့လား၊ မရှိပါဘူး၊
မအို, မနာ, မသေခင်လေး
ပျော်စရာ တွေ့ကောင်းတွေ့မယ်၊
တစ်ခဏလေးတွေ့ ရတဲ့ အပျော်လေးမှာ
လူတွေက ထာဝရကြီးလို့ ထင်နေကြတာ၊
မေ့နေကြတာ၊ ရှေ့မျှော်ကြည့်လိုက်
အန္တရာယ်ကြီး၊ နောက်ပြန်ကြည့်လိုက်
အန္တရာယ်ကြီး၊ ကြုံလာမယ့်စခန်းတွေက
အန္တရာယ်တွေနဲ့ချည်းပဲနော်။
ဒါဖြင့် ဒီခန္ဓာငါးပါးဆိုတဲ့
ဝန်ထုပ်ဝန်ပိုးကြီးကို
ဘယ်သူက ယူတာလဲ၊
လက်သည်ကို
ရှာကြည့်လိုက်လို့ရှိရင် “တဏှာ”ပဲ၊
ဒီတဏှာက
ဝန်ထုပ်ဝန်ပိုးကြီးကို ယူလာတာ။
တဏှာက တွယ်တာတယ်၊
တွယ်တာသည့်အတွက်
ဘဝကို ရနေတော့
ဒီဘဝက ကိုယ့်ကို
ဒုက္ခပြန်ပေးနေတာပေါ့။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၈။ ကုသိုလ်ဖြစ်ပွါး နှလုံးသွင်းတရား
****************************************
လူ့ဘဝရလာလို့ရှိရင်
နံပါတ်တစ်အရေးကြီးဆုံးလို့
ပြောရမယ့်အရာက ကုသိုလ်ရအောင်
စိတ်ကိုပြုပြင်တတ်ဖို့
ဒါဟာ အရေးကြီးဆုံးပဲ၊
စိတ်ထားမတတ်လို့ရှိရင်
ကုသိုလ်မဖြစ်ဘူး၊
စိတ်ထားတတ်မှ
ကုသိုလ်ဆိုတာ ဖြစ်တယ်။
ကုသိုလ်ဖြစ်အောင်
ဘယ်လိုနှလုံးသွင်းရမှာတုန်း..?
မျက်စိကမြင်လိုက်တဲ့
အာရုံလေးတစ်ခုဟာ
လောဘဖြစ်စရာဆိုရင်
ကိုယ့်မှာ ဆင်ခြင်တုံတရား ရှိရမယ်၊
သူများပိုင်တဲ့ပစ္စည်းဆိုရင်
‘သူများပိုင်တဲ့ပစ္စည်းနဲ့ပတ်သက်ပြီး
ငါ လောဘဖြစ်လို့ မကောင်းဘူး၊
ငါ့မှာ လောဘမဖြစ်စေရဘူး' လို့
ဒီအတွေးမျိုး တွေးလိုက်တာနဲ့
လောဘငြိမ်းပြီး ကုသိုလ်ဖြစ်သွားတယ်၊
ဒါဟာ ‘ယောနိသော မနသိကာရ'ပဲ။
မုန်းစရာလူတစ်ယောက်ကို
တွေ့လိုက်ရင်လည်း
“အေး ငါမုန်းလို့
သူ့မှာ ဘာမှဖြစ်မှာ မဟုတ်ဘူး၊
ငါ့မှာသာ ငါ့ရဲ့နှလုံးသားမှာ
ညစ်နွမ်းသွားမယ်၊
ငါ့မှာပဲ အကုသိုလ်ဖြစ်တယ်၊
မုန်းနေခြင်းဟာ အကျိုးမရှိဘူး’ လို့
နှလုံးသွင်းလိုက်လို့ရှိရင်လည်း
ဒါဟာ 'ယောနိသော မနသိကာရ' ပဲ။
ယောနိသော မနသိကာရဆိုတာ
သင့်တင့်မျှတစွာ
တွေးတောဆင်ခြင်ပြီး
ကုသိုလ်ဖြစ်ဖို့ ဦးလှည့်ပေးတာ ဖြစ်တယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၂၉။ အတ္တာ ဟိ အတ္တနော နာထော
****************************************
“အတ္တာ ဟိ အတ္တနော နာထော” ဆိုတာ
“မိမိသာလျှင် မိမိ၏ကိုးကွယ်ရာဖြစ်တယ်”
လို့ အဓိပ္ပါယ်ရတယ်။
လောကလူတွေက
ဒီအတိုင်း မိမိသာလျှင် ကိုးကွယ်ရာလို့
ဒီလိုသတ်မှတ်ကြသလား
ဆိုတော့ မဟုတ်ဘူး၊ မိမိမှတစ်ပါး
အားကိုးတစ်ခုရှာပြီးထားကြတယ်၊
ဘယ်သူ့ကို အားကိုးကြသလဲ?။
မိဘ သားသမီး ဆွေမျိုးသားချင်း
မိတ်ဆွေသင်္ဂဟ ကိုယ်နဲ့ ခင်ရာမင်ရာ
ပုဂ္ဂိုလ်တွေကို အားကိုးကြတယ်။
ပုဂ္ဂိုလ်ဆိုတာ တကယ်အားကိုး
အားထားပြုရာ မဟုတ်ပါဘူး၊
ထာဝရ အားကိုးရာဟာ
ကိုယ့်ကိုယ်ကိုသာ ဖြစ်တယ်လို့
မြတ်စွာဘုရား ထိုထိုသုတ္တန်တွေမှာ
ဟောကြားထားတာပဲ။
“ အ တ္တ ဒီ ပါ ” ဆိုတာ
ကိုယ့်ကိုယ်ကို အားကိုးကြ၊
သူများကို အားမကိုးကြနဲ့လို့ ပြောတာ၊
လောကကြီးမှာ လူရယ်လို့ဖြစ်လာရင်
ကိုယ့်ဝန်ကိုယ်ထမ်းပြီး
ကိုယ့်လမ်းကိုယ်လျှောက်ကာ
ကိုယ့်စခန်း ကိုယ်ရောက်ကြတာပဲ
မဟုတ်လား။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023