တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၃-၃၄-၃၅)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၃-၃၄-၃၅)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၃-၃၄-၃၅)
? ? ??? ??? ? ??? ? ?
၃၃။ ဖြစ်နိုင်တာနှင့် မဖြစ်နိုင်တာ
****************************************
မဖြစ်နိုင်တဲ့အရာကို
မဖြစ်နိုင်ဘူးလို့ မှတ်သားပြီး၊
ဖြစ်နိုင်တဲ့အရာကို
ဖြစ်နိုင်တယ်လို့ မှတ်သားကာ
လုပ်သင့်တဲ့အလုပ်ကို လုပ်ဖို့ပါပဲ။
မှန်ကန်တဲ့အမြင် ရှိလာလို့ရှိရင်
ထိုအမြင်ကို အခြေခံပြီးတော့
လုပ်တဲ့အလုပ်ဟာ
မှားယွင်းမှုမရှိနိုင်ဘူး၊
လောကီကိစ္စပဲဖြစ်ဖြစ်
လောကုတ္တရာကိစ္စပဲဖြစ်ဖြစ်
မည်သည့်ကိစ္စမှာမဆို
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို
ကွဲကွဲပြားပြား သိဖို့လိုတယ်။
ဖြစ်နိုင်တာနဲ့ မဖြစ်နိုင်တာကို
ခွဲခြားပြီးတော့ မသိဘူးဆိုရင်
မဖြစ်နိုင်တာကို ဖြစ်နိုင်မယ်
ထင်ပြီးတော့ ပြောနေမယ် လုပ်နေမယ်၊
ဖြစ်နိုင်တာကျတော့ မဖြစ်နိုင်ဘူးထင်ပြီး
ဘေးဖယ်ထားမယ်ဆိုရင် လွဲမှားမှုတွေ
အများကြီး ဖြစ်လာနိုင်တယ်ပေါ့။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၃၄။ မေတ္တာနှလုံး အစဉ်သုံး
****************************************
အသက်ရှင်နေသမျှ ကာလပတ်လုံးမှာ
မိမိရော မိမိနဲ့ဆက်ဆံနေကြတဲ့
ပတ်ဝန်းကျင်က လူတွေအားလုံးဟာ
မေတ္တာနှလုံး အစဉ်သုံးပြီး
နေထိုင်သွားကြမယ်ဆိုရင်
ကမ္ဘာလောကကြီးတစ်ခုလုံး
ငြိမ်းချမ်းသာယာနေမှာ ဖြစ်ပါတယ်။
ဒီကနေ့ခေတ်ကြီးမှာ
အားလုံးခြုံကြည့်လိုက်မယ်ဆိုရင်
မေတ္တာတရား ခြောက်ခန်းလာတာကို
တွေ့ရမှာ ဖြစ်တယ်၊
မေတ္တာတရားတွေ
လျော့ပါးလာသည့်အတွက်ကြောင့်
ကမ္ဘာကြီး ပူနွေးလာရတာကလည်း
ဖြစ်ကောင်း ဖြစ်နိုင်စရာ ရှိတယ်၊
အိုဇုန်းလွှာကြီးပေါက်လို့ ဆိုတာတွေက
ပြင်ပကိုကြည့်ပြီး ပြောတာ ဖြစ်တယ်။
တကယ်တော့ သတ္တဝါတွေရဲ့
နှလုံးသားမှာ မေတ္တာအငြိမ်းဓာတ်တွေ
ခန်းခြောက်လာလို့ သတ္တဝါတွေရဲ့
ခန္ဓာကထွက်တဲ့ ပူလောင်တဲ့စိတ်က
ထုတ်လုပ်လိုက်တဲ့အရာတွေဟာ
အပူတွေချည်း ဖြစ်တယ်။
ဒါကြောင့်မို့ လူတွေရဲ့စိတ်အစဉ်
ငြိမ်းချမ်းစေဖို့ မေတ္တာနှလုံးကို
အစဉ်သုံးကြရမှာ ဖြစ်ပါတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၃၅။ သံသရာခရီးသွား အမှားမလုပ်မိစေနှင့်
****************************************
သံသရာခရီးသွားရင်း
အမှားလုပ်မိတဲ့ပုဂ္ဂိုလ်တွေဟာ
ဘယ်ပုံဒုက္ခရောက်ကြတယ်ဆိုတာ
မှတ်သားပြီး အမှားမလုပ်မိအောင်
သတိဆောင်ကြဖို့ပါ။
သံသရာခရီးသွားနေတဲ့ ပုဂ္ဂိုလ်တိုင်းဟာ
အမှားလုပ်မိတတ်ကြတယ်၊
ဘာကြောင့် အမှားလုပ်မိသလဲဆိုရင်
အမှားလုပ်မိခြင်းရဲ့
အကြောင်းတရားတွေထဲမှာ
အမှန်တရားကို မသိတာက အဓိကပဲပေါ့။
လုပ်သင့်တာနဲ့ မလုပ်သင့်တာကို
ခွဲခြားပြီးမသိဘူး၊
ခွဲခြားပြီး မသိသည့်အတွက်ကြောင့်
မလုပ်သင့်တာကို လုပ်မိခြင်း၊
လုပ်သင့်တာကျတော့
မလုပ်မိခြင်းဆိုတာ အကြောင်းတစ်ခုပဲ၊
မသိတော့ အဆိုးကို အကောင်းထင်ပြီး
ရံဖန်ရံခါ လူတွေဟာ လုပ်မိတတ်ကြတယ်။
မှားမှားယွင်းယွင်း
တစ်ခုခုလုပ်မိသွားပြီဆိုရင်
ခံရတဲ့အကျိုးဆက်ဟာ
သက်သာလှတယ်လို့ မရှိဘူးပေါ့၊
ဗုဒ္ဓမြတ်စွာရဲ့ လက်ထက်တော်အခါမှာ
ကြုံတွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရဲ့
အခြေအနေကို ဆင်ခြင်သုံးသပ်ပြီး
ကိုယ့်ကိုယ်ကို အမှားမလုပ်မိအောင်
သတိထားဖို့ပါ။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023