တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၆-၃၇-၃၈)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၆-၃၇-၃၈)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၃၆-၃၇-၃၈)
? ? ??? ??? ? ??? ? ?
၃၆။ သတိမကွာ အသိပညာဖြင့် နေထိုင်ခြင်း
******************************************
တစ်ကမ္ဘာလုံး အတိုင်းတာနဲ့
ကြည့်လိုက်မယ်ဆိုရင်
လောကလူသားတွေဟာ နေ့စဉ်နဲ့အမျှ
ရုန်းကန်နေကြရတယ်ဆိုတာ
အင်မတန် ထင်ရှားပါတယ်၊
စီးပွါးရေး, လူမှုရေး, ပညာရေး,
ကျန်းမာရေး, နိုင်ငံရေးကိစ္စတွေနဲ့
ရုန်းကန်နေကြရတယ်၊
ထိုရုန်းကန်နေရတဲ့အခါမှာ
အဆင်ပြေတဲ့အခါ ရှိသလို
အဆင်မပြေတဲ့အခါလည်း ရှိတယ်၊
အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး
အဆင်မပြေတဲ့အခါမှာ လူတွေဟာ
စိတ်ဖိစီးမှုဒဏ်တွေကို ခံစားကြရတယ်။
ချမ်းမြေ့သာယာတဲ့ဘဝကို နေချင်ရင်
“သတိမကွာ အသိပညာဖြင့်နေခြင်း”ဆိုတဲ့
ဒီစနစ်ကို လိုက်နာကျင့်သုံးကြရမယ်။
အခုပြောတဲ့ ‘သတိမကွာ’ဆိုတဲ့ သတိဟာ
ပစ္စုပ္ပန်တည့်တည့်
ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့အပေါ်မှာ
ကိုယ့်ရဲ့ action ပေါ်မှာ mindful ဖြစ်တဲ့
သတိကို ပြောတာ၊ ဘာပဲလုပ်နေလုပ်နေ
လုပ်နေတဲ့အပေါ်မှာ သတိရှိဖို့ လိုတယ်၊
ပစ္စုပ္ပန်ကျတဲ့ သတိကမှ
စိတ်ငြိမ်းချမ်းမှုကို ပေးစွမ်းနိုင်တာ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၃၇။ စိတ်၏ အတွေးများ
*****************************************
လူအများက ‘စိတ်’နဲ့ ‘တွေးတာ’ကို
အတူတူပဲလို့ မှတ်ထင်ကြတယ်၊
သို့သော် အဘိဓမ္မာသဘောကို
သေချာကြည့်မယ်ဆိုရင်
အာရုံကိုသိတတ်တဲ့စိတ်က တစ်မျိုး၊
ထိုစိတ်ကိုမှီတွယ်ပြီး ဖြစ်ပေါ်လာတဲ့
စေတသိက်ဆိုတဲ့ သဘာဝက တစ်မျိုးလို့
‘စိတ်’နဲ့ ‘စေတသိက်’
နှစ်မျိုးခွဲပြီး သိနိုင်တယ်။
“စိတ်၏အတွေး’ဆိုတဲ့ စကားလုံးထဲမှာ
အတွေးဆိုတာ စေတသိက်တစ်ခုရဲ့
နာမည်ပဲလို့ မှတ်ရမယ်။
စိတ်ကိုဖြူစင်အောင် လုပ်တဲ့အခါမှာ
တစ်ချို့အတွေးတွေကို
အားကောင်းလာအောင်
လုပ်ပေးဖို့ လိုအပ်တယ်။
စိတ်ရဲ့ အတွေးတွေထဲက
မကောင်းတဲ့အတွေးတွေကို...
၁။ အာရုံပြောင်းပြီး ဖြေရှင်းတဲ့နည်း။
၂။ အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး
ဖြေရှင်းတဲ့နည်း။
၃။ မေ့ပစ်တဲ့နည်း။
၄။ အရင်းအမြစ်ကို ရှာဖွေပြီးတော့
ဖြေဖျောက်တဲ့နည်း။
၅။ စိတ်နဲ့ဖိညှစ်ပြီး
မရ,ရအောင် ကြိုးစားတဲ့နည်း။
ဒီငါးမျိုးနဲ့လုပ်ရင်
စိတ်ရဲ့ မကောင်းတဲ့အတွေးတွေဟာ
လုံးဝကင်းသွားပြီးတော့
အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့
စွမ်းရည်တစ်ခု ရလာနိုင်တယ်၊
အဲဒီစွမ်းရည်က ကိုယ်တွေးချင်တဲ့
အတွေးကို တွေးနိုင်၊
ကိုယ်မတွေးချင်တဲ့အတွေးကို
ထိန်းချုပ်သွားနိုင်တယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၃၈။ စိတ်၏အညစ်ကြေးများကို ဖယ်ရှားခြင်း
******************************************
“စိတ္တေ သံကိလိဋ္ဌ ဒုဂ္ဂတိပါဋိကင်္ခါ'
စိတ်ညစ်နွမ်းရင် ဒုဂ္ဂတိဘုံရောက်မယ်၊
ဒုက္ခနဲ့ ရင်ဆိုင်ရမယ်။
‘စိတ္တေ ဝိသုဒ္ဓေ သုဂတိပါဋိကင်္ခါ'
စိတ်စင်ကြယ်သန့်ရှင်းနေရင်
သုဂတိဘုံရောက်မယ်၊
ချမ်းသာသုခနဲ့ ရင်ဆိုင်ရမယ်။
လောကလူတွေမှာ စိတ်ကူးနေရုံနဲ့
ဘာမှတော့ ဖြစ်လာမှာ မဟုတ်ဘူး၊
စိတ်ကူးတဲ့နောက်မှာ
လုပ်ဆောင်ချက်ဆိုတာ ရှိရမယ်၊
ကြံရွယ်ချက်ရှိလာပြီဆိုရင်
လုပ်ဆောင်ချက်က နောက်က လိုက်ရမှာ၊
မလိုက်ဘူးဆိုရင် ကြံရွယ်ချက်ဟာ
အထမြောက်မှာ မဟုတ်ဘူး၊
ဒါ လက်တွေ့ အနေနဲ့
အင်မတန်မှ ထင်ရှားတယ်။
ဒီတော့ စိတ်ရဲ့အညစ်ကြေးတွေထဲက
ကြွေးနဲ့တူတဲ့ ကာမစ္ဆန္ဒ၊
ရောဂါနဲ့တူတဲ့ ဗျာပါဒ၊
ထောင်နဲ့တူတဲ့ ထိန, မိဒ္ဓ၊
ကျွန်ဘဝနဲ့တူတဲ့ ဥဒ္ဓစ္စ, ကုက္ကုစ္စ၊
ကန္တာရခရီးကြီးကို
သွားရတာနဲ့တူတဲ့ ဝိစိကိစ္ဆာ၊
အဲဒီ စိတ်ရဲ့အညစ်အကြေးတွေကို
ဖယ်ရှားနိုင်အောင်
ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်၊
ဒါတွေကို မဖယ်ရှားဘဲနဲ့ နိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်
လောကမှာ တစ်ယောက်မှ မရှိပါဘူး။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023