တရားပလ္လင်ထက်က စကားအလင်္ကာများ (၄၂-၄၃-၄၄)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၄၂-၄၃-၄၄)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၄၂-၄၃-၄၄)
? ? ??? ??? ? ??? ? ?
၄၂။ သူတော်ကောင်းတို့၏ စိတ်နေသဘောထား
****************************************
ကိုယ်ကျင့်သီလလည်း ကောင်းတယ်၊
ပညာလည်း တော်တယ်ဆိုတဲ့
ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပဲ၊
သို့သော် အဆင့်အမြင့်ဆုံး
သူတော်ကောင်းဆိုတာကတော့
ဘုရားရဟန္တာသာဖြစ်တယ်၊
အခြေခံအားဖြင့် သီလနဲ့ပညာရှိသူကို
သူတော်ကောင်းလို့ ပြောရတယ်၊
ဒီနေရာမှာ သီလဆိုတာ
သုစရိုက်တရား ၁ဝ-ပါးကို ကျင့်သုံးခြင်းပဲ၊
ဒီတရား ၁၀-ပါးကို ကျင့်သုံးတဲ့သူကို
‘လူကောင်း’လို့ ပြောရမယ်၊
ကံ, ကံ၏အကျိုးကို သိမြင်တဲ့
ကမ္မဿကတာ သမ္မာဒိဋ္ဌိ၊
၎င်းသမ္မာဒိဋ္ဌိထက် အဆင့်မြင့်တဲ့
ဝိပဿနာသမ္မာဒိဋ္ဌိဆိုတဲ့
အသိဉာဏ်မျိုးရှိရင်တော့ “လူတော်”လို့
ပြောရမယ့်အဆင့် ရောက်တယ်၊
အခြေခံအားဖြင့် ဒီလိုသတ်မှတ်တာ။
ဒီလို သူတော်ကောင်းတွေရဲ့
စိတ်နေသဘောထားနဲ့
ကျန်တဲ့သူတွေရဲ့
စိတ်နေသဘောထားက
အများကြီးကွာတယ်၊
များသောအားဖြင့် လူတွေဟာ
ငါ့ထိမခံဘူး ငါ့ဥစ်စာထိမခံဘူး
ဆိုသူက များတယ်၊
ကိုယ်ကျင့်တရားထိရင်
မခံဘူးဆိုသူက အင်မတန်ရှားတယ်၊
ကိုယ်ကျင့်တရားကို
လွယ်လွယ်ကူကူ စွန့်လွှတ်ကြတယ်၊
သူတော်ကောင်းတွေကျတော့
ကိုယ်ကျင့်တရားကို တန်ဖိုးထားပြီး
အသက်ထက် မြတ်နိုးတယ်၊
ထိန်းသိမ်းစောင့်ရှောက်တယ်၊
အဲဒီလို အသက်ကိုစွန့်ပြီး
ကိုယ်ကျင့်တရားကို
တန်ဖိုးထားတာဟာ
သူတော်ကောင်းတွေရဲ့
စိတ်နေသဘောထားပဲ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၄၃။ တရားသိလျက် အကျင့်ခက်
****************************************
သင်ထားလို့သိတဲ့အသိက
လက်တွေ့ကျင့်သုံးပြီးတော့
သိတဲ့အသိလောက်
ခိုင်မာမှု ရင့်ကျက်မှုမရှိဘူး၊
ဘာဖြစ်လို့ သတ္တဝါတွေဟာ
သိလျက်သားနဲ့
မကျင့်နိုင်ကြတာလဲဆိုတော့
မကျင့်နိုင်ခြင်းရဲ့အကြောင်းဖြစ်တဲ့
လောဘ, ဒေါသ, မောဟစတဲ့
ကိလေသာတွေ လွှမ်းမိုးမှုက
အင်မတန်မှ အားကောင်းပြီးတော့
အသိဉာဏ်က
အားပျော့သေးသိမ်နေလို့ပဲဖြစ်တယ်၊
အကယ်၍သာ
အသိဉာဏ်လွှမ်းမိုးသွားမယ်ဆိုရင်
လောဘစတဲ့ ကိလေသာတွေက
အင်အားပျော့ညံ့သွားပြီး
တရားသို့လျက်
အကျင့်ခက်စရာ မရှိတော့ဘူး၊
အားထုတ်နေမှာ ဖြစ်တယ်။
တရားနာလို့ ကုသိုလ်ဆိုတာ
မိမိသန္တာန်မှာ ပြည့်စုံအောင်
လုပ်ရမယ်ဆိုတဲ့
အသိလေး ရလာတယ်၊
သိထားတဲ့အတိုင်း
ဒါနကောင်းမှု လုပ်တယ်၊
သီလလည်း ဆောက်တည်တယ်၊
ဘာဝနာလည်း ပွါးများအားထုတ်တယ်၊
ကုသိုလ်တွေရအောင် ယူတယ်ဆိုရင်
ကျင့်သုံးတယ်လို့ ခေါ်တယ်၊
အကယ်၍ ဒီအသိမျိုးရှိသော်လည်း
ကုသိုလ်ကောင်းမှု မလုပ်ဘူး၊
မလုပ်ဖြစ်ဘူးဆိုရင်
ဒါဟာ “တရားသိလျက်
အကျင့်ခက်’ဆိုတဲ့
ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၄၄။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်
****************************************
‘ဓမ္မအသိ’ဆိုတဲ့နေရာမှာ ‘
ဓမ္မ’ဆိုတာ အမှားအမှန်ကို
ခွဲခြားသိနိုင်အောင်
ဟောပြောထားတဲ့ ဗုဒ္ဓမြတ်စွာရဲ့
သွန်သင်ဆုံးမချက်တွေကို ခေါ်တယ်၊
ကောင်းဆိုးနှစ်မျိုးကို ပေးတတ်တဲ့
သဘာဝအကြောင်းတွေရဲ့
အကျိုးအကြောင်း
အဆိုးအကောင်းတွေကို သိတာလည်း
ဓမ္မကိုသိတယ်လို့ ဒီလို ပြောလို့ရတယ်။
ဓမ္မအသိနဲ့ ဘဝမှာ အကျိုးရှိရှိနေဖို့
အသိဉာဏ်ရှိရမယ်၊
လောကမှာ ဘဝတစ်ခုရလာတဲ့အခါမှာ
နေပုံထိုင်ပုံက အမျိုးမျိုးရှိတယ်၊
အကျိုးရှိတဲ့နေနည်းရှိသလို
အကျိုးမဲ့စေတတ်တဲ့
နေနည်းလည်း ရှိတယ်၊
အချို့အချို့သော နေနည်းတွေက
ပစ္စုပ္ပန်ဘဝမှာတော့ အကျိုးရှိပြီး
တမလွန်ဘဝမှာ အကျိုးမရှိတဲ့
နေနည်းမျိုးလည်း ရှိတယ်၊
ပစ္စုပ္ပန်သံသရာနှစ်ဖြာလုံး အကျိုးရှိမယ့်
နေနည်းမျိုးကို ဗုဒ္ဓမြတ်စွာက
ဆုံးမဩဝါဒပေးထားတယ်။
အဲဒီလိုနေတတ်ဖို့ဆိုတာ
လူတွေမှာ မျက်စိနှစ်လုံး ရှိရသလို
အသိဉာဏ်လည်းပဲ
နှစ်မျိုးရှိဖို့ လိုအပ်တယ်တဲ့၊
အန္ဓသုတ္တန်မှာ “ဒွိစက္ခု”
မျက်စိနှစ်လုံးရှိတဲ့ပုဂ္ဂိုလ်ကို
အကောင်းဆုံးပုဂ္ဂိုလ်လို့
ဒီလိုဟောထားတယ်၊
အသိဉာဏ်ဆိုတာ နှစ်ဖက်မြင်ရမယ်၊
တစ်ဖက်တည်း မမြင်ရဘူးလို့
ဒီလိုဆိုလိုတာ။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023