တရားပလ္လင်ထက်က စကားအလင်္ကာများ (၄၅-၄၆-၄၇)

ပါမောက္ခချုပ်ဆရာတော်

တရားပလ္လင်ထက်က စကားအလင်္ကာများ (၄၅-၄၆-၄၇)
တရားပလ္လင်ထက်က စကားအလင်္ကာများ (၄၅-၄၆-၄၇)
? ? ??? ??? ? ??? ? ?
၄၅။ ရသတဏှာ
****************************************
တဏှာဆိုရင်
ဘယ်တဏှာမှ မကောင်းဘူး၊
ထပ်တလဲလဲ ဘဝတွေကို
ဖြစ်ပေါ်စေတာဟာ ဒီတဏှာပဲ၊
တဏှာဟာ ‘ရူပတဏှာ’စသည်အားဖြင့်
၆-မျိုးရှိတဲ့အထဲမယ် ရသတဏှာဟာ
ကျန်တဲ့တဏှာတွေထက် ပိုဆိုးတယ်၊
တစ်ချို့ မြင်တာကြားတာကို
တွယ်တာမှုရှိချင်မှ ရှိမယ်၊
ရသတဏှာကျတော့
ရှောင်နိုင်တဲ့ပုဂ္ဂိုလ် အလွန်နည်းတယ်၊
မျက်စိကွယ်ရာ နားကွယ်ရာမှာ
အေးအေးဆေးဆေး နေနိုင်သော်လည်း
ကိုယ်ကြိုက်တာလေးမှ မစားရဘူးဆိုရင်
လူတွေဟာ မနေနိုင်ကြဘူးတဲ့။
ဒါကြောင့် မြန်မာလူမျိုးတွေဟာ
နိုင်ငံခြားသွားရင် ငါးပိကြော်လေးတွေ
ယူသွားကြတာပေါ့။
အသက်ရှင်ရပ်တည်ရေးဟာ
အာဟာရနဲ့ ကင်းပြီးတော့ မဖြစ်နိုင်ဘူး၊
မျက်စိကမကြည့်ဘဲ နားမထောင်ဘဲ
အနံ့မရှူဘဲ အသက်ရှင်နေထိုင်နိုင်တယ်၊
သို့သော် နေ့စဉ်စားသုံးနေကြတဲ့
အာဟာရမရှိဘဲနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ဘူး၊
သဗ္ဗေသတ္တာ အာဟာရဋ္ဌိတိကာ-
သတ္တဝါမှန်သမျှ အာဟာရကြောင့်
ဘဝမှာရပ်တည်နိုင်ခြင်း ဖြစ်ပါတယ်။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၄၆။ ဟိုဘက်ကမ်းက ငြိမ်းချမ်းတယ်
****************************************
အာသီဝိသောပမသုတ်ဆိုတာ
ဝိပဿနာကျင့်စဉ်ကို ဦးတည်ပြီး
ဟောတာ ဖြစ်သည့်အတွက်
မြွေကြီး ၄-ကောင်ဆိုတဲ့
ဓာတ်ကြီး ၄-ပါး အဆိုးတရား၊
ခန္ဓာ ၅-ပါးဆိုတဲ့ လူသတ်သမား၊
အတွင်းရန်သူဆိုတဲ့
နန္ဒီရာဂက ဒုက္ခပေးပုံ၊
ခြောက်အိမ်စုရွာလို့ ခေါ်တဲ့
မျက်စိ, နား, နှာ, လျှာ, ကိုယ်,
စိတ်ဆိုတဲ့ အနှစ်မဲ့တဲ့
အဇ်ဈတ်တိကာယတန ၆-ပါး၊
ဓားပြ ၆-ယောက်လို့ခေါ်တဲ့
အိမ်တွေကို ဝင်ဝင်ဖျက်ဆီးနေတဲ့
ဗာဟိရာယတန၆-ပါးဆိုတာတွေကို
မြင်အောင် ကြည့်နိုင်ဖို့ လိုအပ်တယ်၊
ဒီတရားတွေဟာ
ဝိပဿနာရှုဖို့ အာရုံတွေပဲလို့
မြတ်စွာဘုရား ဟောထားတာ။
ဒီအာရုံတွေကို ရှုပြီးတော့
သြဃ ၄-ဖြာဆိုတဲ့ ကျယ်ဝန်းတဲ့
မြစ်ပင်လယ်ကြီးကို မဂ္ဂင်ရှစ်ပါးဆိုတဲ့
လှေဖောင်နဲ့ ဖြတ်ကူးရမယ်၊
ကူးတဲ့အခါမှာ
လက်ရောခြေရော အားစိုက်ပြီး
ဟိုဘက်ကမ်းရောက်အောင် သွားရသလို
လုံ့လဝီရိယနဲ့ ကြိုးပမ်းပြီး ဖြတ်ကူးရမယ်၊
ကုန်းပေါ်ရောက်လို့ ခြေချမိပြီဆိုရင်
ခုနကပြောခဲ့တဲ့ အန္တရာယ်တွေမှန်သမျှ
အကုန်လွတ်သွားမယ်။
ဒါကြောင့် “ဟိုဘက်ကမ်းက
ငြိမ်းချမ်းတယ်”ဆိုတာ
နိဗ္ဗာန်ချမ်းသာကို ရည်ညွှန်းပြီး
ဟောထားတာပါ၊
မငြိမ်းချမ်းတဲ့ ဒီဘက်ကမ်းရဲ့
ပြဿနာတွေကို မြင်အောင် ရှုပြီး
ငြိမ်းချမ်းတဲ့ ဟိုဘက်ကမ်းကို
တက်လှမ်းနိုင်ကြပါစေ။
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
? ? ?
၄၇။ ဘုရားသော်မှပေးဆပ်ရသည့် ကံကြမ္မာဝဋ်ကြွေးများ
*****************************************
ရံဖန်ရံခါ ပုထုဇဉ်တွေဟာ
မကောင်းတဲ့ကံတွေတွေကို
ပြစ်မှားကျူးလွန်မိခဲ့ကြတာ ရှိတယ်၊
အဲဒီကံက ပြုလုပ်သူပုဂ္ဂိုလ်ရဲ့သန္တာန်မှာ
စွမ်းရည်သတ္တိအနေနဲ့ တည်ရှိပြီးနေတယ်။
ကံနဲ့ ကိလေသာ နှစ်ရပ်ပေါင်းစပ်ပြီး
ထုတ်လုပ်ထားတဲ့ ခန္ဓာကိုယ်ထဲမှာ
ကိလေသာတွေကုန်သွားလင့်ကစား
သူ့ရဲ့အကျိုးဆက် ခန္ဓာကြီးရှိနေသမျှ
ဟောဒီကံကြမ္မာက
အကျိုးပေးနိုင်သေးတယ်။
‘ဝဋ်ကြွေး’တဲ့၊
တစ်ချိန်က ကိုယ်လုပ်ခဲ့တဲ့
လုပ်ရပ်တွေက Reaction တုန့်ပြန်
ပြုလုပ်လာတာတွေ ရှိလာတယ်၊
အဲဒီ တုန့်ပြန်မှုလေးတွေက
ဘုရားပဲဖြစ်စေ ရဟန္တာပုဂ္ဂိုလ်ပဲဖြစ်စေ
မည်သူ့သန္တာန်မှာပဲဖြစ်ဖြစ်
ကံကြမ္မာဝဋ်ကြွေးတွေက
အကြောင်းညီညွတ်ရင်
တုန့်ပြန်လာတတ်သေးတယ်တဲ့၊
အကြွေးဆိုတာရှိနေရင်
မဆပ်ဘဲ နေလို့မရဘူး၊ ဆပ်ရတယ်နော်။
 
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
သက်ရှည်ကျမ်းမာ စိတ်ချမ်းသာ
လိုရာဆန္ဒပြည့်ပါစေ။
Credit -
{တရားပလ္လင်ထက်က စကားအလင်္ကာများ}
ဓ မ္မ သ ဟာ ယ တ ပည့် တစ် ပါး
စီ စဉ် ပူ ဇော် သည်။
??????????????
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ပါမောက္ခချုပ်ဆရာတော်
04-23-2023