ပေါင်းဆုံ အေးမြကြပါစေ

ဓမ္မဘေရီဆရာတော်

?????☸️
ခမည်းတော်ကြီး...
မိထွေးတော်ကြီး..
ယသောဓရာ..
အားလုံးက
ငိုကြွေးတားမြစ်နေစဉ်မှာပဲ
သိဒ်ဓတ်ထ ကပိလဝတျကို
ကြောခိုင်းခဲ့တယ်၊
တို့ကို ပစ်ခွာသွားပြီလို့
ခမည်းတော်နဲ့မိထွေးတော်တို့
ပူဆွေးကျန်ရစ်တယ်၊
သိဒ္ဓတ္ထအပေါ်
နားလည်နိုင်စွမ်းအရှိဆုံး
ယသော်ဓရာက
အချစ်ပါတဲ့ဒီခရီးဟာ
ပစ်ခွာသွားတာမဟုတ်ဘူး
တစ်ယောက်တည်း
လျှောက်ရမည့်လမ်းမို့
ခွဲခွာသွားခဲ့တာ
ခွဲခွာခြင်းဟာ
ကွဲကွာခြင်းရဲ့နိမိတ်မဟုတ်ဘူး
ဘယ်တော့မှ
ခွဲခွာခြင်းမရှိရာ..
ထာဝရပေါင်းဆုံးခြင်းရဲ့
နိမိတ်သာဖြစ်တယ်
ဒါကို
ယသော်ဓရာသာနားလည်နိုင်တယ်၊
သင်္ချေသင်္ချာ
ဘဝများရဲ့အတွေ့အကြုံအရ
သိဒ္ဓတ္ထကိုသူနားလည်တယ်..
ခွဲခွာခြင်းဟာ
ပစ်ခွာခြင်းမဟုတ်တာကိုလဲ
နားလည်တယ်..
မခွဲခွာကြဘူးလို့
တွယ်ကပ်နေခဲ့ခြင်းတွေက
ကွာကျချိန်မှာ
ပိုပြီးနာခဲ့ရတာတွေ
သိထားလို့လဲ
ဒီခွဲခွာခြင်းကို
သူနားလည်တယ်
ဒါ
အကွဲမနာကြစေဖို့
ခဏတာခွဲခွာခြင်းဆိုတာ..
သံသရာနဲ့စာရင်
မကြာလှဘူးဆိုပေမယ့်
သံယောဇဉ်နဲ့ကြည့်တော့
ခုနှစ်နှစ်ဆိုတာ
ခုနှစ်ကမ္ဘာမက
ထင်ခဲ့ရတယ်..
နောက်ဆုံးတော့
သူတိုချင်းနားလည်ထားတဲ့အတိုင်းပါပဲ
သိဒ္ဓတ္ထအဖြစ်နဲ့ထွက်ခွာသွားသူ
​ဗုဒ္ဓအဖြစ်ပြန်န်အလာခရီးက
ခမည်းတော်ကြီးရဲ့
တဲတဲလေးကျန်တဲ့အချိန်နဲ့
ကွက်တိပါပဲ၊
နောက်ဆုံးတော့
ခွဲခွာရခြင်း
ကွဲကွာရခြင်းဆိုတာတွေ
အားလုံးငြိမ်းသွားကြပါပြီ..
ဒါကို
ခမည်းတော်ကြီးက
ခုမှ အံ့ဩဝမ်းသာ
ဖြစ်နေရပေမယ့်..
ဒီပင်္ကရာခြေတော်ရင်းမှာကတည်းက
သိပြီးသားနှစ်ဦးအတွက်တော့
ဘာမှအထူးအဆန်း
မဟုတ်လောက်တော့ပါဘူး..
 
ခွဲခွာရခြင်းဟူသမျှ
ကွဲကွာခြင်းကင်းရာ
ငြိမ်းချမ်းခြင်းဆီမှာ
ပေါင်းဆုံ အေးမြကြပါစေ...
၂၅.၄.၂၂

 

ဓမ္မဘေရီဆရာတော်
04-25-2023
Facebook