ကလေးတရား

ဓမ္မဘေရီဆရာတော်

?????
 
တောင်ကြီးအေးအေးဆေးဆေးရောက်ခိုက်
သိမ်တောင်နေစဉ်ကကျေးဇူးများတဲ့
မယ်တော်ကြီးဒေါ်ဝေ(မုန့်)အိမ်ရောက်တော့
မြေးတွေမြစ်တွေပါစုပေါင်းကန်တော့ကြလို့
ဟောလိုက်တဲ့တရားတိုလေး။
“ကဲ!ဩကာသကိုဆုံးအောင်ဆိုကြ!
အဲ-အဲဒီထဲမှာ..
ကန်တော့ရသောအကျိုးအားကြောင့်..ဆိုပြီး
နောက်မှာ ဘာတွေပါလဲ!
‘အပါယ်လေးပါး,ကပ်သုံးပါးစတဲ့
ဆင်းရဲဒုက္ခဟူသမျှ ဘဝဆက်ကာ
အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ရယ်၊
အဆုးစွန်သောကာလ၌ မဂ်တရား,ဖိုလ်တရား,
နိဗ္ဗာန်ချမ်းသာတရားကိုရပါလို၏’
ဆိုတာရယ်ပါတယ်မှို့လား!
အဲဒါကဘာပြေတာလဲဆိုတော့
‘ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်
ကန်တော့ကြသူတွေဟာ
အထမဆုံး အပါယ်လေးပါးစတဲ့ဒုက္ခတွေက
ကင်းလွတ်ခြင်းအကျိုးရမယ်။
နောက်ဆုံးမှာ
မဂ်ဖိုလ်နိဗ္ဗာန်ထိရမယ်’လို့ပြောတာ။
ဒါတွေဟာရတနာသုံးပါးကြောင့်ရရှိနိုင်တာတွေ၊
ရတနာသုံးပါးရဲ့အကျိုးကျေးဇူးတွေပဲ။
မှတ်မိတယ်မှို့လား၊မင်းတို့အလွတ်ရထားတဲ့
ဩကာသကြီးမှာဒီလောက်အဖိုးတန်တဲ့
အသိတွေပါတယ်။
ဒီကရှေ့ ဩကာသကိုအဆုံးထိဆိုပြီးကန်တော့ကြ!
ဆိုနေရင်းလဲ
‘ရတနာသုံးပါးကိုကိုးကွယ်ကန်တော့ရတဲ့အတွက်
ဒီအကျိုးတွေ ဒို့ရနိုင်တယ်’လို့သတိထားပြီး
သိနေရမယ်။
(‘ကဲ ပြန်ကြစမ်း’ဆိုပြီးအမေးအဖြေလေးလုပ်တယ်။
အားလုံးဖြေနိုင်ကြလို့ ကိုယ်ကပြန်ပြီး
သာဓုခေါ်ခဲ့ရတယ်။)
ဩကာသပဏာမကြီးကိုအဆုံးထိဆိုစေပြီး
ကလေးတွေကို ဒီလိုလေးသင်ပေးကြပါ။
ဒါ-
အခြေခံယဉ်ကျေးလိမ္မာသင်တန်းပဲ။
မိဘတိုင်း
လက်ဦးဆရာ ပီသကြပါစေ…
၂၅.၄.၂၃
ခေတ္တ တောင်ကြီး
??????☸️?????

 

ဓမ္မဘေရီဆရာတော်
04-24-2023
Facebook