ခြေတစ်လှမ်းဆိုတာ
ခရီးတစ်လှမ်းလျော့သွားတာ၊
ပန်းတိုင်ဖက် တစ်လှမ်းနီးသွားတာပဲ။
"တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေး"တဲ့လေ..
"ပန်းတိုင်က ပြေးနေတာမဟုတ်ဘူး၊
လှမ်းကိုင်သူတွေ နှေးမနေဖို့ပဲ လိုတယ်"လို့
သတိပေးနေတဲ့ စကားပါ။

ပန်းတိုင် လှမ်းကိုင်စို့ မနှေး၊
ဇွဲပန်းဆောင် အောင်ပန်းဆောက်
ရောက်ဖို့ မဝေး..။
