ယဉ်ကျေးဖို့နဲ့ လိမ္မာဖို့

ဓမ္မဘေရီဆရာတော်

 
??????✍️✌️????☸️
စာမေးပွဲတွေပြီးကြတော့
ဦးဇင်းလေးတွေ ကိုယ့်အရပ်ကိုပြန်ပြီး
ကလေးယဉ်ကျေးလိမ္မာသင်တန်းလေးတွေ
ပေးကြဖို့တဲ့၊
ဩဝါဒလေးနဲနဲပေးပါဆိုလို့။
အေး..အဓိကက ‘ယဉ်ကျေး’နဲ့’လိမ္မာ’
ကွဲကြဖို့ပဲ။
?ယဉ်ကျေး”ဆိုတာ..
‘ရှေးဟောင်းယဉ်ကျေးမှု’ဆိုတဲ့မြန်မာစကားအတိုင်းပဲ-
ရှေးကရှိပြီးသားအစဉ်အလာကောင်းတွေ၊
သတ္တဝါတိုင်းမှာရှိနေပြီးတဲ့ သူတို့နှစ်သက်ခင်မင်စရာတွေကို
ကိုယ်ကြောင့်မပျက်စီး;မချွတ်ယွင်းရအောင်
လိုက်နာတာ၊ထိန်းသိမ်းစောင့်ရှောက်ပေးဟာယဉ်ကျေးတာပဲ။
ဘုရားရှင်အဆုံးအမအရဆိုရင်..
“မကောင်းမှုရှောင်”တာပေါ့။
သိက်ခာအရဆို ‘(ဝါရိတ်တ)သီလသိက်ခာ’ပဲ။
လူတို့စောင့်တဲ့’ငါးပါးသီလ’ကြည့်ပေါ့!
၁+သူ့ရှိပြီးအသက်နဲ့ခန္ဓာ ကိုယ့်ကြောင့်
နစ်နာဆုံးရှုံးပျက်စီးတာမဖြစ်အောင်..
၂+သူ့ရှိပြီးဥစ္စာ ကိုယ့်ကြောင့်မထိခိုက်အောင်..
၃+သူ့မိသားစုအသိုက်အအုံကိုယ့်ကြောင့်မပျက်စီးရအောင..
၄+သူ့အသိ ကိုယ့်ကြောင့်ချွတ်ယွင်းတိမ်းပါးမသွားအောင်နဲ့
၅+ဒီတာဝန်တွေမေ့လျော့စေတဲ့မူးရစ်သေစာတွေ
ရှောင်ရတာပဲမှို့လား။
အဲဒါယဉ်ကျေးမှုပဲ။
?ယဉ်ကျေးတယ်ဆိုတာ ရှိပြီးသားအဟောင်းထဲကအကောင်းတွေ
မပျက်စီးအောင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်တာပါပဲ။
ဒီယဉ်ကျေးမှုထဲမှာ
သဘာဝပတ်ဝန်းကျင်သက်ရှိသက်မဲ့အားလုံးပါဝင်တယ်။
ဒါကြောင့် အမှုက်တို့၊အညစ်အကြေးတို့
စွန့်ပစ်တာကစပြီး စည်းကမ်းတကျဖြစ်အောင်သင်ပေးရမယ်၊
ဒါမှ’လူယဉ်ကျေးလေးတွေ’ဖြစ်မှာ။
ဒီကိစ္စက ကလေးတွေထက် လူကြီးတွေ
ပိုအရေးကြီးတယ်။
ဖြစ်နိုင်ရင်”လူကြီးယဉ်ကြေးလိမ္မာ”ပါ
သင်တန်းပေးရမယ်။
?လိမ္မာ”ဆိုတာ တိုတိုချုပ်ကတော့-
မရှိသေးတဲ့ လူ့အသုံးအဆောင်တွေ
အသစ်အသစ်တိုးတက်ဖြစ်ပေါ်အောင်
လုပ်ဆောင်တာပဲ။
ဘုရားအဆုံးအမဆိုရင်..
“ကောင်းမှုဆောင်”တာပေါ့။
ဒါလဲ(စာရိတ်တ)သီလသိက္ခာပဲ။
ဒီလိမ္မာအပိုင်းမှာ ခေတ်နဲ့တပြေးညီ
တတ်သင့်တဲ့အတတ်ပညာတွေ၊
ဗဟုသုတ(စာဖတ်ခြင်း)တွေ၊
အများကြီးအကြုံးဝင်တယ်၊
အဲဒါတွေ ငယ်ငယ်ကတည်းက
ကျင့်သားရနေအောင်သင်ကြပေါ့။
(အတိုချုပ်မှတ်ထားရမှာက-
?လူယဉ်ကျေးဆိုတာ
ရှိပြီးသားအကောင်းဟူသမျှ
မပျက်စီးအောင်စောင့်ရှောက်ထိန်းသိမ်တတ်သူ။
?လူလိမ္မာဆိုတာ
မရှိသေးတဲ့လိုအပ်ချက်တွေကို
ရှိလာအောင်တီထွင်လုပ်ကိုင်ပေးတတ်သူ”ဆိုတာ
ကလေးတွေစိတ်ထဲစွဲထင်နေအောင်သင်ပြဖို့ပဲ။)
?️စာတွေရရုံ:ရှိခိုးဦးချတတ်ရုံသင်ရမှာ မဟုတ်ဘူး၊
?အကျင့်တွေရအောင် သင်ရမှာ၊
ဒါကအရေးအကြီးဆုံးအချက်ပဲ။
စာတွေရ၊ဦးတွေချပြီး မိုက်နေကြတာတွေ
သတိပြုကြပေါ့။
မကောင်းမှုကို’အကြောက်’ကြောင့်ရှောင်နေရတာ၊
ကောင်းမှုကို’အမျှော်’နဲ့လုပ်နေကြတာမဖြစ်စေဘဲ
ကိုယ့်အသိ၊ကိုယ့်အမြင်အရ
ရှောင်သင့်တာရှောင်တတ်ရင် “ယဉ်ကျေး”ပြီ။
ဆောင်သင့်တာဆောင်တတ်ရင်”လိမ္မာ”ပြီ။
အဲဒါတွေသင်ပေးကြ!
ကဲ
တောရော့ပေါ့!
လို့ပဲပြောလိုက်ပါတယ်။
၃.၄.၂၃ ည
??????✍️✌️????☸️
 

 

 

 

ဓမ္မဘေရီဆရာတော်
04-03-2023
Facebook