လောကီကုသိုလ်တွေထဲမှာအကြီးမြတ်ဆုံး
ကုသိုလ်ကို’မဟဂ္ဂတ(မဟဂ္ဂုတ်)’လို့ခေါ်ပါတယ်။
မဟဂ္ဂတဆိုတာ အတိုင်းအတာအကန့်အသတ်
မထားတာကိုဆိုတာပါ။
မေတ္တာကမ္မဋ္ဌာန်းဆိုပါတော့
သက်ရှိမှန်သမျှထက်အောက်ဖီလာ
အကန့်အသတ်မရှိပို့ရပွါးရတာ။
ဒီတရားတွေကို အပ္ပမာဏ(အပ္ပမည)လို့လဲ
ခေါ်ပါတယ်။
”ဥဒ္ဓံ အဓော စတိရိယဉ္စ အသမ္ဘာရံ=
ထက်အောက်ဝဲယာကန့်သတ်ကျဉ်းမြောင်းခြင်းမရှိ”ဆိုတာပေါ့။
လောကမှာ-
‘သေးနုတ်တဲ့လူ၊ကြီးမြတ်တဲ့လူ’ဆိုတာလဲ
သူ့ကိုလေးစားသိမှတ်တဲ့ပတ်ဝန်းကျင်
အနဲအများအတိုင်းသတ်မှတ်ရတာပါ။
နဲနဲကပဲသိမှတ်ခံရရင်’သေးနုတ်သူ’၊
များများကသိမှတ်ခံရရင်’ကြီးမားသူ’၊
အတိုင်းမရှိသတ်မှတ်ခံရရင်’ကြီးမြတ်သူ’ပေါ့။
တစ်ယောက်ကမှသိမှတ်မခံရရင်’လူရာမဝင်သူ’ဖြစ်သွားမှာပါ။
အဲဒီတော့
“မနသာ ဥဿော မနုဿော=စိတ်ဓာတ်ကြီးမြတ်ထာကို’လူ’ခေါတယ်”ဆိုတဲ့စကားအရ
လူမှန်ရင်ကြီးမြတ်တဲ့စိတ်ထားပြီး ကြီးမြတ်အောင်
ကျင့်ကြံရမှာက လူ့သမိုင်းပေးတာဝန်ပဲ။
ကိုယ်တစ်ဦးထဲချမ်းသာနေရုံနဲ့
လူစာရင်းမဝင်နိုင်ဘူး။
ပြောချင်တာကတော့-
ကိုယ်မကြုံရတိုင်း သူများဒုက္ခကိုလျစ်လျူပြုနေရင် ခင်ဗျားလူမဟုတ်နိုင်ဘူး
ဆိုတာပါပဲ။
မေတ္တာဆိုတာ ချမ်းသာဆင်းရဲကို အများနဲ့ထပ်တူ
ဝေမျှခံစားတတ်တာကိုဆိုတာပါ။
အဲဒါ’လူစိတ်’ပါပဲ။
လူစိတ်ရှိမှ’လူ’ဖြစ်မယ်။
အကန့်အသတ်မရှိဝေမျှခံစားတတ်ရင်တော့
‘လူမြတ်’ပေါ့။
ခင်ဗျားတို့;ကျုပ်တို့
ဘာလဲ ဘယ်လဲ
၄.၄.၂၃
စာတပုဒ်တော့ ရေးဖြစ်အောင်ရေးပါဆိုလို့