မင်္ဂလသုတ်လာ ပေးခြင်းသုံးမျိုး

ဓမ္မဘေရီဆရာတော်

 
??♻️?‍♀️??♻️?‍♀️??♻️
ခုတလော ယဉ်ကျေးလိမ္မာပွဲလေးတွေနဲ့ဆက်စပ်ပြီး
မင်္ဂလာတရာတော်ကို နှလုံးသွင်းမိတဲ့အကြိမ်
ပိုများလာတယ်ဗျာ..။
စာတွေက တိုက်ရိုက် ကြည့်နေ,နာနေတဲ့အချိန်မှာ
စာကိုဂရုစိုက်မှုလွန်ကဲနေလို့လားတော့ မသိဘူး၊
အချက်အလက်တွေမှတ်မိနေတတ်ပေမယ့်
အသေးစိပ်ထူးခြားချက်ကလေးတွေကို
သတိမပြုမိဘူး။
လွတ်လွတ် နှလုံးသွင်းဆင်ခြင်ကြည့်မှ
သတိပြုမိတာလေးတွေ ပေါ်လာတတ်တယ်ဗျ၊
ဒါကြောင့်လဲ ဘုရားရှင်က-
သုဏောထ=နားထောင်ကြပါ.! နောက်မှာ
မနသိကရောထ=နှလုံးသွင်း,စဉ်းစားကြပါ.!လို့
တိုက်တွန်းတာဖြစ်မယ်။
ခုလဲ မင်္ဂလသုတ်ကို နှလုံးသွင်းနေရင်း..
မင်္ဂလသုတ်မှာ-ပေးကမ်းခြင်းနဲ့ပတ်သက်လို့
သုံးမျိုးဟောထားတာကို သတိပြုမိလိုက်တယ်၊
?၁+ဥပဋ္ဌာန
*မာတာပိတုဥပဋ္ဌာန=ကိုယ်ရှာဖွေရရှိတာကို ပေးရတာပါပဲ၊
ဒါက ကျေးဇူးရှင်တွေဖြစ်လို့ မဖြစ်မနေ ပေးကိုပေးရမည့်
ကျေးဇူးဆပ်တာဝန်တစ်ရပ်အဖြစ်နဲ့ပေးခြင်းပါ။၊
ဒီမှာ"ဥပဋ္ဌာန"လို့သုံးထားတာက
"အနီးကပ်တည်ပြီးတော့"တဲ့။
လူချင်းပူးကပ်နေတာကိုချည်းဆိုလိုရင်း
မဟုတ်လောက်ပါဘူး၊
စေတနာအရ
" နွေးနွေးထွေးထွေး,စိတ်ပါလက်ပါ
မေတ္တာချင်းထိစပ်ပြီးတော့ ပြုရမယ်"လို့
ဆိုလိုတဲ့ သဘောပါ။
(အနီးနေပြုစုပေးပါ၊
အဝေးကနေပေးကမ်းရုံနဲ့
ဒီမင်္ဂလာမပြည့်စုံဘူးလို့ဆိုလိုတာ)
??၂+သင်္ဂဟ
*ပုတ္တဒါရဿ သင်္ဂဟ..
*ဉာတကာနဉ္စ သင်္ဂဟ..
ဒါလဲ ကိုယ်ရှာဖွေရထားတာကို ပေးရတာပါပဲ၊
ဒီ 'သင်္ဂဟ'ဆိုတဲ့ပေးခြင်းက
(က)ပြန်ဂဏန်းမျှော်တဲ့သဘောရှိတယ်၊
(ခ)ပုဂ္ဂိုလ် ယုတ်မြတ်,တော်ညံ့,ကြီးငယ်စသည်
ရွေးချယ်ဝေဖန်ရတယ်၊
ပုဂ္ဂလဝိသေသကို သိရတယ်၊
*ဉာတက=အရ လက်အောက်ငယ်သားများပါ
ပါဝင်ပါတယ်၊
တော်သူကို တော်သလို ရွေးချယ်ချီးမြှောက်ရတယ်။
ချီးမေညှာက်တဲဘသလောနဲ့ပေးခြင်းပါ။
(ဂ)ချီးမြှောက်ပုံလေးမျိုးရှိတယ်
*ချစ်ဖွယ်စကား,ပေးကမ်းငြား၍,
စီးပွားဆောင်လင့်,ကိုယ်တူကျင့်ဟု,
လေးဆင့်သင်္ဂြိုဟ်,သူ့ကိုထောက်ထား,
ကောင်းမှုအားကြောင့်..တိုတဲ့သင်္ဂဟတရားလေးပါးပါပဲ။
မင်္ဂလာသံပေါက်မှာ -
“ကြွေးသစ်ချကာတို့ ပြင်ပမထားနဲ့တို့ဆိုထားတာကြည့်ရင်
"သင်္ဂဟ"ဆိုတဲ့ပေးကမ်းခြင်းက ကိုယ်ကျိုးမျှော်
ရင်းနှီးမြှုတ်နှံမှုသဘောဆောင်တာကို သိသာပါတယ်။
??၃*ဒါန
*ဒါနဉ္စ=လှူဒါန်းမှု ကုသိုလ်သက်သက် ပေးကမ်းတာ၊
(က)ပုဂ္ဂိုလ်ယုတ်မြတ် မရွေးရဘူး၊
(ခ)မိမိပိုင်တရားသဖြင့်ရထားတဲ့ဥစ္စာဖြစ်ရမယ်၊
(ဂ)အလှူခံပုဂ္ဂိုလ်ရဲ့ အကျိုးကိုဆောင်လိုမှု,
သူ့ဂုဏ်ကိုပူဇော်လိုမှုဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုနဲ့သာ
ပေးရမယ်၊
(ဃ)ကိုယ့်အတွက် တွယ်တာငဲ့ကွက်မှု
ကင်းစေရမယ်။
ရှေ့နှစ်မျိုးက လောကစည်းအရ
ယဉ်ကျေးမှုအနေနဲ့ ပေးကမ်းခြင်းဖြစ်တယ်၊
နောက်ဆုံးဖြစ်တဲ့'ဒါန'ကတော့-
ဓမ္မစည်းအရ
လိမ္မာမှု(ကုသိုလ်ရေး)အနေနဲ့ ပေးရခြင်းဖြစ်တယ်။
ရှေ့နှစ်မျိုးက
လောကီကျိုးအတွက် ရင်းနှီးမြှုတ်နှံမှု၊
နောက်ဆုံးတစ်မျိုးက
လောကုတ္တရာကျိုးအတွက် စွန့်လွှတ်မှု-လို့လဲ
ဆိုနိုင်ပါလိမ့်မယ်။
အပ်ပမာဒနေ သမ်ပာဒထေ...!!!
၂.၄.၁၇
(မင်္ဂလာအတွေးလေးမျှပါ)

 

 

ဓမ္မဘေရီဆရာတော်
04-05-2023
Facebook