သူ့ဟာသူ ပြုတ်ကျသွားလိမ့်မယ်

ဓမ္မဘေရီဆရာတော်

(ဖေ့စ်ဘုတ်မှာ
မိမိပါဆွဲထည့်ပြီး ယောဆရာတော်ကြီးကို
ပြစ်မှားတဲ့ကိစ္စနဲ့ပတ်သက်လို့
ဘာ့ကြောင့်ပြန်လည်ဖြေရှင်းမလုပ်ရတာလဲလို့
(လူတယောက်ကတော့-
’ဒါဟာတာဝန်မဲ့တာ၊သတ္တိညံ့တာ’လို့ထိ)
ကွန်မင့်မှာရေးလာပါတယ်။
ဒီအတွက်ပြန်ဖြေလိုက်တဲ့ကွန်မင့်လေးပါ။)
/\ */\* /\
ဘာမှဖြေရှင်းမနေတာက
ဖြေရှင်းလိုက်ရင်
သူ့ကိုအသိအမှတ်ပြုရာကျမယ်၊
သူကဒါကိုမျှော်လင့်တာ။
အရှင်အာဒိစ္စဝံသ
ပကာသနိယကံပြုခံရစဉ်က
တချို့ဝင်ရေးကြတာရှိတယ်။
သူတို့ရေးတာကို ဘာမှပြန်မဖြေရှင်းဘူး။
ဘာကြောင့်လဲလို့မေးတော့-
“လူစဉ်မမီတဲ့ငပုတွေ၊
အမြင့်မြန်မြန်ရောက်မလားလို့
မြင့်တဲ့သူပခုံးပေါ်ခုန်တက်ကြည့်တာ၊
လှုပ်ချနေစရာမလိုဘူး၊
မမီမကမ်းဖြစ်ပြီး
သူ့ဟာသူပြုတ်ကျသွားလိမ့်မယ်”လို့
ပြန်မိန့်ပါသတဲ့။
ကျုပ်လဲ
ဆရာသမားထုံး နှလုံးမူပြီးတော့ပဲ
အေးဆေးနေလိုက်တာပါ။
၇.၄.၂၃

 

ဓမ္မဘေရီဆရာတော်
04-07-2023
Facebook