စီးတဲ့ရေ ဆယ်တဲ့ကန်သင်း"စီးတဲ့ရေ ဆယ်တဲ့ကန်သင်း"တဲ့၊ရှေးလူကြီးသူမများရဲ့ ဆုံးမစကားဆိုရိုးလေး၊အစဉ်အလာအရတော့-"ပစ္စည်းဥစ္စာကို ရှာသူကရှာထားသလို့သိမ်းဆည်းသူကလဲ သိမ်းဆည်းတတ်မှဘဝတင့်တောင့်တင့်တယ်ရှိမယ်"ဆိုတဲ့အဓိပ္ပါယ်နဲ့ဇနီးခင်ပွန်းသစ်တို့ကို ဆုံးမလေ့ရှိတာကြားရတတ်ပါတယ်။လောကရေးမှာ ဒါကလဲအရေးကြီးတဲ့ကိစ္စပါ၊ဇနီးခင်ပွန်းသာမကမိဘနဲ့သားသမီးများမှာလဲလိုအပ်ပါတယ်၊ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူများထဲမှာပဲ-ယောက်ျားက သင်္ဘောလိုက်ပြီးကြိုးစားရှာဖွေလို့တိုက်ခန်းလေး,စာပေလုပ်ငန်းလေးထူထောင်နိုင်ခါမှမိန်းမက ချဲထီလောင်းကစားပြီး ကြွေးတွေပါပတ်လို့ဘဝရည်မှန်းချက်တွေပျက်စီး၊အပေါင်းအသင်းကြားတိုးမဝင်ရဲအထိ ဖြစ်သွားရသူတစ်ဦးကိုလဲရင်နင့်လောက်အောင်တွေ့ရဖူးတယ်။သားသမီးက မလေးရှားတို့,ကိုရီးယားတို့မှာအသက်နဲ့ရင်းရလို့(သူတို့နိုင်ငံသားများမလုပ်ချင်တဲ့)အလုပ်တွေနဲ့ကြိုးစားရှာသမျှ နောက်ပိုင်းမိဘကချဲထီလောင်း,သောက်စားလို့ ပြန်အလာမှာနေစရာအိမ်ပိုင်တောင်မရှိသူတို့..တချို့ သူဌေးရောင်ရောင် မတန်မရာဆိုင်းပွဲအစုံအလှူကြီးတွေနဲ့ကြွားပြီးလယ်ယာကျွဲနွားပါပြုတ်သူတို့လဲ ကျုပ်တို့အညာမှာကိုယ်တွေ့ပဲ။ထားပါတော့လေ..ဒီဆုံးမစကားလေးဟာ လောကီရေးမှာလဲအလွန်အလေးထားသင့်တဲ့အဆုံးအမလေးလို့သာပြောပါရစေ..။အဲ..အခုပြောချင်တာကတော့-ကိုယ်က အရွယ်လေးနဲနဲရလာတော့ဒီဆုံးမစကားလေးကိုဘဝအတွက် ဓမ္မနဲ့ဆက်စပ်စဉ်းစားမိတာလေးပါ။အဘိဓမ္မာကျမ်းများကလဲ ဆိုပါတယ်၊ဘဝရဲ့အခြေခံအရှိတရားများဖြစ်တဲ့"ရုပ်တရား,နာမ်တရား"တွေဟာ.."နဒီသောတောဝိယ=မြစ်ရေအလျဉ်လို.."ဆိုတာ။"မပြတ်စီးဆင်းနေတာ၊ဘယ်တော့မှ အတည်တကျရပ်တည်မနေဘူး"ဆိုတော့-"ဘဝဆိုတာလဲ စီးတဲ့ရေပါပဲလား"လို့သဘောပေါက်လိုက်ပါတယ်။ဒါဖြင့် ဘာနဲ့ကန်သင်းဆယ်ကြမလဲ..?ဒီတိုင်းသာပစ်ထားလို့ကတော့ အချိန်တန်သူ့သင်္ခါရအိမ်ပြန်တော့မယ်။ဒီလိုစဉ်းစားမိတော့မှ-ဘုရားရှင် နေ့စဉ်လဲဆုမ္မ၊နောက်ဆုံးမှာလဲအရေးတကြီးမှာတမ်းချွေခဲ့တဲ့-"အပ္ပမာဒေန သမ္ပဒေထ.!ဘဝရေစီးကို သတိနဲ့ကန်သင်းဆယ်ကြ.!.."ဆိုတဲ့လက်ဆောင်လေးကိုသတိရလိုက်တယ်။လူတွေဟာလောကမှာထင်ရှားသူတစ်ဦးဦးကပေးတဲ့လက်ဆောင်ကလေးကိုတောင် ဝင့်ကြွားဟန်ပြ ဂုဏ်ယူတတ်ကြသေးရင်..သဗ္ဗညုဘုရားရှင်ကြီးရဲ့ အလေးအနက်မဟာကရုဏာအပြည့်နဲ့ပေးခဲ့တဲ့ ဒီလက်ဆောင်လေးကိုဘာလို့များ ဝင့်ကြွားပန်ဆင် ဂုဏ်မတင်နိုင်ဘဲချောင်ထိုးထားရက်ပါလိမ့်..။စီးတဲ့ရေ ဆယ်တဲ့ကန်သင်းရှိခဲ့ရင်..ရေကန်သာ ကြာအသင့်နဲ့ကိုံယ်တိုင်လဲ အလှကြွယ်ဝန်းကျင်လဲဝင့်ထယ်စေသလို..ဘဝရေစီးကို သတိပဋ္ဌာန်ကန်သင်းဆယ်နိုင်ရင်မဂ်ပွင့်ဖိုလ်သီးတွေနဲ့ကိုယ်တိုင်လဲတင့်တယ်၊လောကကိုလဲအေးမြရွှင်လန်းအားဖြစ်စေနိုင်ဖို့ဘုရားရှင်ကလက်ဆောင်ပေးခဲ့တယ်..လို့သဘောရပါတယ်။ဒီလက်ဆောင်လေးကိုလိုရမယ်ရ သိမ်းထားဆဲပဲလား.!ခုထိ မလိုကြသေးဘူးလား.!မိုးကုန်တော့မယ်..ရေစီးလဲ အတော်ခန်းလာပြီဘဝသဲကန္တာရမဖြစ်မီစီးတဲ့ရေးဆယ်တဲ့ကန်သင်းလေးနဲ့ကန်ပိုင်မာရေပြာအသင့်ကြာအသင့်ဂုဏ်ဝင့်နိုင်ကြပါစေသော်...အပ်ပမာဒနေ သမ်ပာဒထေ...!!!၃၁.၁..၁၈၇၃-နှစ်မြောက် ဇရာခရီးအစမှာတွေးမိလိုက်တာလေး..