ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၅)

ယောဆရာတော်ဘုရားကြီး

ယောဆရာတော်ကြီး၏ ဩဝါဒပဒေသာ (၅)
? ? ??? ??? ? ??? ? ?
၂၄။ ဖြုန်းရမယ့်အချိန်လုံးဝမရှိ
****************************************
သာသနာတွင်းလူဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ
ဖြုန်းရမယ့်အချိန်လုံးဝ မပါဘူး၊
အဝိဇ္ဇာနဲ့တဏှာ ဝင်ရှုပ်လို့သာ
ဖြုန်းမိကြတာကိုး။
သတိ၊ ပညာအားကောင်းတဲ့ပုဂ္ဂိုလ်၊
ဖြုန်းရမယ့်အချိန်လုံးဝမပါ၊
တရားသဘောနားလည်သူ
တစ်ယောက်အနေနဲ့
အချိန် ဘယ်ဖြုန်းရက်တော့မလဲ။
စားချိန်လည်း စားချိန်မို့ သုံးရမှာပဲ၊
ချက်ပြုတ်ချိန်လည်း
ချက်ပြုတ်ချိန်မို့ သုံးရမှာပဲ။
ရောင်းဝယ်ချိန်လည်း
ရောင်းဝယ်ချိန်မို့ သုံးရမှာပဲ။
ဘယ်အချိန်မှ ဖြုန်းပစ်ရမယ့်
အချိန်က လုံးဝမရှိ။
၂၅။ အသိကိုထိန်းသူ
****************************************
? အသိကို ထိန်းတာ သတိ၊
? သတိလွတ်သွားရင်
အသိပြတ်သွားတယ်၊
? အသိဟာ မှောင်သွားတယ်၊
? စိတ်မှာသတိတွေ၊ ပညာတွေ
ကင်းပျောက်လာရင်၊
မှောင်ပြီး ပူလောင်လာတယ်။
ခန္ဓာနှင့်ဆက်စပ်သောချမ်းသာ
****************************************
လောကမှာ ခန္ဓာနဲ့ဆက်စပ်တဲ့
ချမ်းသာမှန်သမျှသည် ရစဉ်မှာ
တပြုံးပြုံးနဲ့ လက်ခံနိုင်ကြသော်လည်း
နောက်ကဘောင်ခတ်မှုလေးပါတယ်၊
နှုတ်ခမ်းသပ်လေးပါတယ်၊
ကန့်သတ်မှုလေးတွေပါတယ်။
ကန့်သတ်ချိန်စေ့ပြန်တော့ ငိုလိုက်ရတာ၊
လူးလွန့်ပြီး ပူလောင်လိုက်ရတာ၊
မျက်ရည်ပေါက်ပေါက်ကျလိုက်ရတာ၊
အရူးတစ်ပိုင်း ဖြစ်လိုက်ရတာ။
နိရောဓသစ္စာမှာ
နောက်ကန့်သတ်ချက်မပါ၊
လူးလွန့်ပြီး ပူစရာဘာမှမရှိလို့
သိထားတော့၊
ဘယ်ကုသိုလ်လုပ်လုပ်၊
နိဗ္ဗာန်ဦးတည်ချက်ပါတယ်။
၂၆။ သဒ္ဓါနှင့်ပညာညီမှ
****************************************
သဒ္ဓါနဲ့ပညာက ညီရမယ်၊
တစ်ခုခုက လွန်သွားမယ်၊
တစ်ခုခုကလျော့သွားမယ်ဆိုရင်
အစီအစဉ်ကင်းမဲ့တတ်တယ်၊
လမ်းကြောင်းလွဲတယ်။
သဒ္ဓါလွန်ကဲပြီး
ပညာအားနည်းသွားတဲ့အခါ
တလွဲတွေ ယုံတတ်တယ်။
သူများပြောတိုင်း
လျှောက်ယုံတတ်တယ်၊
အလွဲလက်ခံမိတတ်တယ်။
ပညာရှိပါရဲ့၊ ပြည့်စုံပါရဲ့၊
သို့သော် သဒ္ဓါတရားအားနည်းပြန်တော့
စဉ်းလဲကောက်ကျစ်တယ်၊
ဆေးကြောင့်ဖြစ်တဲ့ရောဂါလို
ကုသရခက်တတ်တယ်။
သတိတရားက
သဒ္ဓါနဲ့ပညာကို ညှိပေးတယ်၊
၂၇။ ဝီရိယနဲ့ သမာဓိညီမှ
****************************************
လုံ့လဝီရိယကတော့ အားကောင်းပါတယ်။
သမာဓိအားနည်းတော့ မစွဲဘူး၊
ပျံ့လွင့်မှုတွေ သိပ်များတယ်၊
ပြေးလွှားရုန်းကန်တာတွေ ဖပ်ဖပ်မောလို့၊
ဒါပေမယ့် ဘာမှတရားစွမ်းအားမရ၊
ဘယ်ဟာမှ စွဲစွဲမြဲမြဲမရှိ၊
စိတ်တွေကထိန်းမနိုင်သိမ်းမရ
ပျံ့လွင့်နေတတ်တယ်။
သမာဓိတော့ အားကောင်းပါရဲ့၊
ကြိုးစားအားထုတ်မှု
ဝီရိယနည်းသွားပြန်တော့ ဖင့်နွဲတယ်၊
လေးတေးတေးဖြစ်သွားပြီး၊
ပျင်းတဲ့ဘက်ကိုတစ်စတစ်စ
ရောက်သွားတယ်။
သတိနဲ့ဝီရိယလေးတွဲမိသွားရင်
သမာဓိလေးတွေ အားကောင်းလာတယ်၊
သမာဓိအားကောင်းလာရင်
တည်ငြိမ်တယ်၊ ရင့်ကျက်တယ်၊
အေးချမ်းတယ်၊ စွမ်းအားတွေရတယ်။
၂၈။ အဆိပ်မှ အသက်ကယ်ဆေးသို့
****************************************
လောကမှာ မြွေပွေး၊ မြွေဟောက်မှာရှိတဲ့
မြွေဆိပ်တွေဟာ၊ ဒီအတိုင်းဆိုရင်
လူ အသက်ဆုံးရှုံးသည်အထိ
အန္တရာယ်ပြုတတ်ပါတယ်၊
စနစ်တကျထုတ်ယူပြီး
ဓါတ်သဘာဝတွေနဲ့
ဆေးဝါးဖေါ်စပ်လိုက်တော့
အသက်ကယ်ဆေး၊
မြွေဆိပ်ဖြေဆေး ဖြစ်သွားတယ်။
ဒါမျိုးလိုပေါ့၊
ဟောဒီ အိုထုပ်, နာထုပ်, သေထုပ်ကြီးကို
ဒါန ဓါတ်သဘာဝတွေ သီလ၊ သမာဓိ၊
ဝိပဿနာ ဓါတ်သဘာဝတွေနဲ့
သဒ်ဓါ၊ ဝီရိယ၊ သမာဓိ၊ ပညာ
ဆေးဝါးကောင်းတွေနဲ့ ဖေါ်စပ်လိုက်တော့
မအို၊ မနာ၊ မသေကြောင်းဖြစ်တဲ့
တရားကောင်းတွေ ဖြစ်သွားရတယ်။
 
တိပိဋကဓရ-ဓမ္မဘဏ္ဍဂါရိက
(ယောဆရာတော်)
ဩဝါဒပဒေသာများ
⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️ ? ⚜️
ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ပြုနိုင်ပါသည်။ ဓမ္မအသိဖြင့် အကျိုးရှိရှိနေပါမည်။
ကိုပြုံး (ခ) ကိုအောင်လင်း
ယောဆရာတော်ဘုရားကြီး
04-23-2023