ဗုဒ္ဓနည်းကျ "အနတ္တ"

ဓမ္မဘေရီဆရာတော်

???????
 
သြစတြေးလျ၊ဆစ်ဒနီမှာရှိတဲ့မြန်မာမိသားစုတွေ
(အထူးသဖြင့်တော့ ပါရမီဓမ္မရိပ်သာ)မှာတော့-
အသက်တွေ(၈၈)စီရှိကြတဲ့
မယ်တော်ကြီး ဒေါက်တာဒေါ်ခင်သန်းကြွယ်နဲ့
ဒေါ်ရှုလွမ်တို့နှစ်ဦးကို
ဆစ်ဒနီရှိမြန်မာမိသားစုများကသာမက
ရောက်လာသမျှ ဆရာတော်များကပါ မိခင်(မယ်တော်)
များလိုချစ်ခင်လေးစား အားလဲကိုးကြပါတယ်။
အခုလဲ မယ်တော်ကြီးဒေါက်တာဒေါ်ခင်သန်းကြွယ်က-
❓"အနတ္တ"ဆိုတဲ့သဘောကို အများနားလည်လက်ခံနိုင်အောင် လိုရင်းတိုရှင်းလေး ဟောပေးပါ-ဆိုလို့
အနတ္တလက္ခဏသုတ်မှာဆိုတဲ့အတိုင်း
"ဗုဒ္ဓနည်းကျ'အနတ္တ"ကိုပြောပေးခဲ့တာလေး..
✅"အနတ္တ"ဆိုတာ"န+အတ္တ=အတ္တမဟုတ်"လို့ဆိုတာပါ၊
"အတ္တမဟုတ်"လို့ဆိုတော့-
"အတ္တ"ဆိုတာကရော ဘာပြောတာလဲလို့ရှင်းရဦးမယ်။
"အတ္တဝါဒီ"တို့ယုံကြည်တဲ့"အတ္တ"ဆိုတာက
၁*နိစ္စ=မြဲတယ်၊
၂*ဓုဝ=ခိုင်တယ်၊
၃*သဿတ=တစ်ဆက်ထည်းဖြစ်တယ်၊
(ဘဝပြောင်းတယ်ဆိုတာမျိုးမှာ ခန္ဓာကိုယ်ဘောဒီကသာအိုဆွေးပြီး ပြောင်းသွားပေမယ့် အတ္တလေးကတော့
ကြားပြတ်မသွားဘူး၊တစ်ဆက်တည်း(ခန္ဓာသစ်ကိုထောက်တည်မိမှ အဟောင်းကိုစွန့်)ဖြစ်တယ်၊ပိုးဆတ်တောက်ကောင်များကူးသလို-တဲ့)။
၄*အဝိနာသီ=ပျက်စီးခြင်းလုံးဝမရှိဘူး၊
၅*သဗ္ဗဗျာပီ=နေရာတိုင်းမှာ ပျံ့နှံ့တည်နေတယ်၊
၆*သယံဝသီ=ကိုယ့်အလိုကျ(ကိုယ်ဖြစ်ချင်သလို)ဖြစ်နိုင်စွမ်းရှိတယ်-ဆိုတဲ့
ဂုဏ်ထူး(၆)ခုနဲ့ ပြည့်စုံတယ်လို့ဆိုပါတယ်။
အဲဒီ(၆)ခုထည်းက "အနတ္တလက္ခဏသုတ်"မှာတော့-
မြတ်စွာဘုရားကနောက်ဆုံးဖြစ်တဲ့
"သယံဝသီ"ဆိုတဲ့အချက်ကိုကိုင်ပြီး 'အတ္တ'မဟုတ်ကြောင်းရှင်းပြပါတယ်။
ရှင်းပြပုံလေးကို နှလုံးသွင်းကြည့်ပါ!
ရူပံ ဘိက်ခဝေ အနတ်တာ=
ရုပ်(ခန္ဓာ)တရားဟာ အတ္တမဟုတ်ဘူး ရဟန်းတို့..
ရူပဉ်စ ဟိဒံ ဘိက်ခဝေ အတ်တာ အဘဝိဿ=
ရုပ်တရားကြီးသာ အတ္တဖြစ်တယ်ဆိုရင်...
န ယိဒံ ရူပံ အာဗာဓာယ သံဝတ္တေယျ=
ဒီရုပ်တရားကြီးဟာ ဘယ်..နာကြင်(ယိုယွင်း)မလဲ။
ယသ္မာ စ ခေါ ဘိက္ခဝေ ရူပံ အနတ္တာ=
တကယ်တန်းက
ရုပ်တရားဟာ အတ္တမဟုတ်(အနတ္တဖြစ်)လို့သာ..
တသ်မာ ရူပံ အာဗာဓာယ သံဝတ်တတိ=
ရုပ်တရားကြီးဟာနာကြင်(ယိုယွင်း)ဖြစ်နေတာပေါ့။
န စ လဗ္ဘတိ ရူပေ=
ရုပ်မှာ(ဒီလိုအခွင့်အရေးမျိုးတွေလဲ)မရနိုင်ဘူး၊
ဧဝံ မေ ရူပံ ဟောတု=
ငါရဲ့ရုပ် ဒီလိုသာ ဖြစ်ပါစေ၊
ဧဝံ မေ ရူပံ မာအဟောသီတိ=
ငါ့ရုပ် ဒီလိုကြီးတော့ မဖြစ်ပါစေနဲ့လို့..
(အဲလို တောင့်တတဲ့အတိုင်း ရနိုင်ခွင့် မရှိပါဘူး၊
ဒါ့ကြောင့် ရုပ်ဟာ အတ္တမဟုတ်၊အနတ္တပါ..တဲ့။
ဒကာမကြီးက ပါဠိလေးပါ နာပါရစေဆိုလို့ ထည့်ရွတ်
ပေးလိုက်တာပါ။
ဆိုလိုရင်းက..
"အတ္တဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်စေနိုင်စွမ်းရှိတယ်-
လို့ဆိုတယ်၊
ခုတော့ ရုပ်(ဝေဒနာ,သညာ,သင်္ခါရ,ဝိညာဉ်)တရားတွေက
ကိုယ်ဖြစ်ချင်သလို လိုက်လျောဖြစ်ပေးနိုင်ခြင်း
လုံးဝမရှိဘူး။
ဒါကြောင့် ရုပ်(ဝေ,သဉ်,သင်,ဝိဉ်)တရားတို့ဟာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~
အတ္တမဟုတ်၊အနတ္တပါ..
ကိုယ့်အလိုကျ ဖြစ်ပေးတဲ့တရားမဟုတ်၊
~~~~~~~~~~~~~~~~~~~~~~~~~
သူ့အကြောင်းအတိုင်းသာ(သူ့သဘော သူဆောင်ပြီး)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖြစ်နေတဲ့တရားပါ..တဲ့။
~~~~~~~~~~~~~~
{အတ္တ-ဆိုတာ ကိုယ်ဖြစ်ချင်သလို ဖြစ်နိုင်စွမ်းရှိတယ်လို့
ယုံကြည်တဲ့ဝါဒ။
အနတ္တ-ဆိုတာ ကိုယ်ဖြစ်ချင်သလိုဖြစ်နိုင်စွမ်းမရှိဘူး၊
သူ့သဘောနဲ့သူ(အကြောင်းအကျိုးအားလျော်စွာသာ)
ဖြစ်ပျက်နေတဲ့သဘောလို့ သိမြင်လက်ခံတဲ့ဝါဒပါ)
၂၄.၂.၁၇-ည,ဆစ်ဒနီ,ဗေလာဝုဒ်,ပါရမီဓမ္မရိပ်သာမှာဟောတဲ့
"အနတ္တလက္ခဏသုတ်"အနှစ်ချုပ်တရား။
အပ်ပမာဒနေ သမ်ပာဒထေ...!!!
၂၅.၂.၁၇-မနက်စော၊ပါရမီ,ဆစ်ဒနီ။
(ဒီညနေ ၂-နာရီ ပါသ်ကိုသွားမည်)
 
???☘️???????☘️????????

 

ဓမ္မဘေရီဆရာတော်
02-25-2023
Facebook