တဏှာအမျိုးအစားနဲ့ သတ္တိအတိုးအပွား

ဓမ္မဘေရီဆရာတော်

??‍????‍????‍???‍??
 
လူတွေရဲ့တပ်မက်မှုက
၁+ကာမတဏှာ=စည်းစိမ်ဥစ္စာ,ရာထူးအာဏာအပေါ်တပ်မက်မှု၊
၂+ဘဝတဏှာ=အသက်ခန္ဓာအပေါ်
တပ်မက်မှု၊
၃+ဝိဘဝတဏှာ=ဂုဏ်သိက္ခာအပေါ်တပ်မက်မှု-လို့သုံးမျိုးကွဲပြားပါတယ်။
ဒီသုံးမျိုးက ရှေ့အမျိုးထက်
နောက်အမျိုးက
တန်ဖိုးလဲပိုကြီးအစွဲလဲပိုပြင်းထန်ပါတယ်။
?"လူမသေ ငွေမရှားဘူး"ဆိုတဲ့စကားက
ကာမထက် ဘဝကပိုပြီးတန်ဖိုးကြီးတယ်၊
အစွဲပြင်းတယ်တယ်ဆိုတာကိုပြနေတာပါ။
?‍♂️"အသက်နဲ့ လူလုပ်နေတာမဟုတ်ဘူး၊
အရှက်နဲ့လူလုပ်နေတာ"ဆိုတဲ့စကားအရ
ဘဝထက် ဂုဏ်သိက္ခာကပိုပြီးတန်ဖိုးကြီး,အစွဲပြင်းတယ်ဆိုတာလဲထင်ရှားပါတယ်။
ဒီသဘောအရ-
အသက်အတွက်
စည်းစိမ်ဥစ္စာ,ရာထူးအာဏာကို
စွန့်နိုင်ရမယ်လို့ညွှန်ပြနေပါတယ်။
(ဒါကတော့
အထူးကုဆေးရုံတက်ဖူးသူတိုင်းသိပြီးသားပါ။)
ဂုဏ်သိက္ခာအတွက်ဆိုရင်
အသက်နဲ့ခန္ဓာကိုလဲ စွန့်နိုင်ရပါမယ်။
(ဗောဓိပင်အောက်မှာ ဘုရားလောင်းတို့
"အသွေးအသားတို့ခန်းခြောက်လို့သေလိုသေ၊
ဘုရားမဖြစ်သမျှ ငါမထ"ဆိုတာ
ဒီသဘောပါ။)
အနိမ့်ဆုံးဖြစ်တဲ့
စည်းစိမ်ဥစ္စာ,ရာထူးအာဏာကို
အသေဖက်တွယ်ပြီးတပ်မက်နေသူအတွက်
အသက်ရှည်ဖို့ကို ခဲယဉ်းလှပါတယ်၊
ဂုဏ်သိက္ခာဆိုတာကတော့
ဝေလာဝေးပေါ့။
ရယူသင့်တာနဲ့စွန့်လွှတ်သင့်တာကို
ကွဲပြားအောင် ခွဲခြားတတ်ကြပါစေ...
စွန့်သင်တာ အစွန့်မှန်ပြီး
ရသင့်တာကို အမြန်ရကြဖို့
သတိအုပ်စိုး မသေမျိုးတွေ
ဖြစ်ကြစေ..
၁၉.၄.၂၁
??‍????‍????‍??♻️?‍????‍??
❓"ဝိဘဝတဏှာ"ကို"ဂုဏ်သိက္ခာအပေါ်တပ်မက်မှု"လိုယူတာနဲ့ပတ်သက်လို့
အထောက်အထားလေးရှိရင်ညွှန်ပြပေးပါ-လို့
မက်ဆေ့ကနေမေးလာလို့ ထပ်ဖြည့်လိုက်ပါတယ်။
✅"ဝိဘဝတဏှာ"ကို အဋ္ဌကထာမှာ
"ဘဝပြတ်မှု =ဥစ္ဆေဒ ဒိဋ္ဌိနှင့်ယှဉ်တဲ့တဏှာ"လို့ဖွင့်ပါတယ်၊
လောကီစည်းစိမ်းဟူသမျှကိုရော၊ဘဝကိုပါ
စွန်းပစ်ပြီး'ဘဝပြတ်မှဒုက္ခငြိမ်းမယ်'လို့
ခံယူချက်နဲ့
'တဏှာ'အစား'ခန္ဓာ'ပြတ်ဖို့ကျင့်သုံးနေတဲ့"အတ္တကိလမထ"အစွန်းရောက်
ဘာသာရေးအစွဲပါပဲ။
ခုထိရှိနေတဲ 'ဂျိန်း'ဘုန်းကြီးတွေလဲ ဒီထဲမှာ
အကြုံးဝင်ပါလိမ့်မယ်။
အဲဒီတော့-
ဝိဘဝတဏှာဆိုတာ..
'သဒ္ဒတ္ထ'အရ-ဘဝပြတ်မှုကိုစွဲတာ၊
'အဓိပ္ပါယတ္ထ'အရ အတ္တကိလမထဘာသာရေးစွဲတာပါပဲ။
ဘာသာရေးဆိုတာ-
ဘာသာဝင်တိုင်းက ဦးထိပ်ပန်ဆင်ထားတဲ့
အမြင့်ဆုံးဂုဏ်သိက္ခာပါပဲ၊
"တို့ကဗုဒ္ဓဘာသာဝင်ဖြစ်တယ်"လို့ဂုဏ်ယူသလိုမျိုးပေါ့။
ဒါကြောင့်
'ဘာဝတ္ထ'အရ'ဂုဏ်သိက္ခာအပေါ်တပ်မက်မှု'လို့
ဆိုလိုက်တာပါ။
(ပါရိသေသနည်းအရ
ကာမတဏှာ,ဘဝတဏှာကကြွင်းတဲ့
တပ်မက်မှုမှန်သမျှဟာ’ဝိဘဝတဏှာ’အရ
ယူမှပြည့်စုံပါမယ်။
“တပ်မက်မှုတော့ဖြစ်တယ်၊
တဏှာသုံးမျိုထဲတော့မပါဘူး”ဆိုတာ
မဖြစ်နိုင်ပါဘူး။)
('ဥပါဒါန'အရာမဟုတ်၊'တဏှာ'အရာဖြစ်လို့
'တပ်မက်မှု'လို့သုံးလိုက်တာပါဘုရား..။

 

ဓမ္မဘေရီဆရာတော်
04-18-2023
Facebook